နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ညီလာခံ (9th Moscow Conference on International Security) ၌ “The Asia-Pacific Region in the context of Global Politics" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှု ကောက်နှုတ်ချက်မှာ −
− (၉)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးညီလာခံသို့ တက်ရောက်လာကြသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်။
- အာရှ- ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေး အနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်၊ အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာ့စီးပွားရေးဈေးကွက်၏ သုံးပုံတစ်ပုံခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါတဲ့ အဓိကပင်လယ်ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်းဖြစ်။
- အိန္ဒိယသမုဒ္ဒရာအတွင်း၌ နှစ်စဉ်ရေယာဉ်အစီးပေါင်း ၁ဝဝဝဝဝ ကျော် ဖြတ်သန်းသွားလာလျက် ရှိပြီး မလက္ကာရေလက်ကြားတွင် နှစ်စဉ်ရေယာဉ်ပေါင်း ၇ဝဝဝဝ ကျော် ဖြတ်သန်းသွားလာလျက် ရှိကာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုး ကုန်စည်စီးဆင်းမှုရှိနေသောကြောင့် ပို့ဆောင်ဆက်သွယ်ရေးတွင် များစွာအရေးပါလျက်ရှိကြောင်း တွေ့ရှိရ။
- ကမ္ဘာ့ရေနံထွက်ကုန် ၈ဝ ရာခိုင်နှုန်းခန့်မှာ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်သည်လည်း မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာ လျက်ရှိ။
- သို့ဖြစ်၍ အာရှ- ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအရ များစွာအရေးပါလာပြီး ကမ္ဘာ့စီးပွားရေးဗဟိုချက် (World's Economic Centre of Gravity) တစ်ခု ဖြစ်လာသည့်အပြင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသစ် (New World Political Order) တွင်လည်း မဟာဗျူဟာမြောက် အရေးပါတဲ့ ဒေသတစ်ခုအဖြစ် သတ်မှတ်လာကြ။
- အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အလမ်းများအတွက် အဓိကအချက်အချာ ဒေသတစ်ခုဖြစ်သော်လည်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများကြောင့် ဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးကို များစွာသက်ရောက်မှုရှိလာကြောင်း တွေ့ရှိရ။
- အာရှ-ပစိဖိတ်သအတွင်း မဟာဗျူဟာမြောက် ဖြစ်ပေါ်ပြောင်းလဲလာသည့် လုံခြုံရေးဆိုင်ရာ အခြေအနေများဟာလည်း ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေများနှင့် များစွာဆက်စပ်မှု ရှိနေတာကို တွေ့ရှိရ။
- COVID- 19 ကပ်ရောဂါကြောင့် စီးပွားရေးနှင့် လူသားကျန်းမာရေး (Human Health) အပေါ်သက်ရောက်မှု၊ ဆိုက်ဘာနယ်ပယ်နှင့် အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အန္တရာယ်များဟာလည်း နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိစ္စရပ်များပဲဖြစ်။
- ဒေသတွင်းအုပ်စုဖွဲ့မှုများနှင့် အဆိုပါအုပ်စုများအကြား ပြိုင်ဆိုင်မှုမြင့်တက်လာခြင်းဟာ သမရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအဖြစ် ဖြစ်ပေါ်လျက် ရှိသည့်အပြင် အဆိုပါကိစ္စရပ်များမှာ အာရှ-ပစိဖိတ်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုများအတွက် စိန်ခေါ်မှု များအဖြစ်လည်း ဖြစ်ပေါ်လျက်ရှိ။
- ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာမြောက် အားပြိုင်မှုများတွင် စီးပွားရေးအရ ပေါင်းစည်းမှုရှိရေး ကြိုးပမ်းအားထုတ်မှုဟာလည်း အာရှ-ပစိဖိတ်ဒေသ၏ ကောင်းမွန်သည့် အနာဂတ်ကို ပုံဖော်ပေးမည့် အချက်တစ်ချက်ဖြစ်။
- အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းအားဖြင့် နိုင်ငံများအကြား မတူကွဲပြားမှုများကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ် (Globalization Process) အား ပြန်လည်ပုံဖော်နိုင်မှာ ဖြစ်တဲ့အပြင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UN Sustainable Development Goal) အတွက်လည်း များစွာ အထောက်အကူ ရရှိနိုင်မှာဖြစ်။
- လက်ရှိကာလ၌ အာဆီယံဒေသကြီးအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားဟာ နိုင်ငံ့ စီးပွားရေးများကျဆင်း၍ အကျပ်အတည်းများနဲ့ ရင်ဆိုင်နေကြရလျက်ရှိ။
- သက်ဆိုင်ရာနိုင်ငံများအလိုက် ပြည်သူလူထုအနေဖြင့် စားဝတ်နေရေး အခက်အခဲများနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့အတွက် ပြည်သူများရဲ့ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို ကူညီထောက်ပံ့မှုများကို ဦးစားပေးဆောင်ရွက်ပေးသင့်တဲ့ အချိန်အခါလည်းဖြစ်။
- ပြည်သူများ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်နဲ့ ဝဝလင်လင် စားသုံးနိုင်ကြစေရန်အတွက် စိုက်ပျိုးရေး ကဏ္ဍတွင် အများပြည်သူတို့ အဓိကစားသုံးသည့် ဆန်နှင့်ဂျုံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဦးစားပေး ဆောင်ရွက်သင့်သည့်အပြင် လူသားများရဲ့ အခြားသော ဖြည့်စွက်စာများကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သင့်။
- စွမ်းအင်အရင်းအမြစ်များကို သုံးစွဲရာတွင် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်များကိုလည်း အစားထိုးမျှဝေသုံးစွဲနိုင်ရန် လိုအပ်လျက် ရှိနေ။
- ဒေသတွင်းအုပ်စုဖွဲ့လာမှုများ၊ စစ်ရေးချဲ့ထွင်မှုများ၊ အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာနှင့် စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုများအပြင် အမျိုးသားအကျိုးစီးပွား အပြိုင်အဆိုင်ဖော်ဆောင်မှုများ၊ လက်နက် အပြိုင်တပ်ဆင်မှုများသည် အာရှ-ပစိဖိတ်ဒေသအတွင်း ပဋိပက္ခများ ကြီးထွားလာမည့် အခြေအနေများကို တွေ့မြင်နေရ။
- လွတ်လပ်တဲ့နိုင်ငံတိုင်းဟာ အချုပ်အခြာအာဏာ ကိုယ်စီရှိကြပါတယ်။ နိုင်ငံငယ်တာ၊ ကြီးတာ၊ အင်အားကြီးတာ၊ အင်အားနည်းတာနဲ့မဆိုင်ပါဘူး။ တူညီတဲ့အခွင့်အရေးရှိကြ။
- ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေဖြင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သလိုကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးများ ရရှိပိုင်ဆိုင် ထားကြသော်လည်း အဆိုပါအခွင့်အရေးများကို တလွဲယူဆပြီး အင်အားပြခြိမ်းခြောက်မှုများနဲ့ အခြားနိုင်ငံများရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသည့် အပြုအမူများကို ရှောင်ရှားသင့်။
- နိုင်ငံများအနေဖြင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်ဒေသနဲ့တစ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်။
- တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းကို ဖေါ်ဆောင်ကာ အာရှ-ပစိဖိတ်ဒေသ တွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိ။
- အာဆီယံဒေသဟာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ၂ ခုကို ပေါင်းကူးပေးသည့် နေရာတွင်ရှိပြီး အင်ဒိုပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ်တည်ရှိလျက်ရှိ။
- ဒေသတွင်း နိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာဝပြေရေးတို့ကို အခြေခံရန်လိုအပ်။
- ထို့အပြင် နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည် ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရေးတို့အား လေးစား လိုက်နာ ဆောင်ရွက်သွားရန်လိုအပ်။
- အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ညီမျှမှုရှိရေး၊ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အားဆောင်ရွက်ရာတွင် ပဋိပက္ခ သို့မဟုတ်၊ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ် နိုင်သည့်အခြေအနေများကို ရှောင်ရှား၍ ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် များကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ COVID- 19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးပေးခြင်း ကိစ္စရပ်များအပါအဝင် စစ်ရေးမဟုတ်သော ပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာ မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်။
- နိုင်ငံအချို့အနေဖြင့် တစ်ဖက်သတ်ဝါဒစွဲဖြင့် မတူညီသောနိုင်ငံရေးစနစ်နှင့် အတွေးအခေါ်များ အပေါ် လွှမ်းမိုးရန်နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြုပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကိုလည်း တွင်ကျယ်စွာတွေ့ရှိရမှာဖြစ်။
- နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနှင့် ညီညွတ် မျှတသော နိုင်ငံတကာဥပဒေများကိုအခြေခံ၍ ကမ္ဘာကြီး၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်။
- လက်ရှိ ကာလမှာ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- လက်ရှိ မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများ ပြန်လည်ဖြစ်ပေါ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်။
- မိမိတို့မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံ၏ သဘောထား ရပ်တည်ချက်များအတိုင်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အပြည့်အဝပါဝင်ဆောင်ရွက်လျက်ရှိ။