နေပြည်တော် ဇွန် ၂၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အတူ ပုသိမ်မြို့ရှိ ကိုးသိန်းဘောလုံးအားကစားကွင်း၌ မီတာ(၄၀၀) ပြေးလမ်းခင်းကျင်းနေမှုနှင့် ဘောလုံးကွင်း ပွဲကြည့်စင်တို့ကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး (၂)ထပ်ဆောင် တည်ဆောက်နေမှုနှင့် မိုးလုံလေလုံအားကစားခန်းမ ပြန်လည်ပြုပြင်မွမ်းမံနေမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့နယ် ဘောလုံးအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပြီးစီးမှုနှင့် မြို့နယ်အားကစားဦးစီးဌာနရုံးတို့ကို လည်းကောင်း၊ ဝါးခယ်မမြို့ အားကစားကွင်းအသစ်ဖောက်လုပ်မည့် လျာထားမြေနေ ရာကိုလည်းကောင်း၊ ဝါးခယ်မမြို့နယ်ရှိ ရွှေခယ်သီရိ မိုးလုံလေလုံအားကစားခန်းမ ကိုလည်းကောင်း၊ မြို့နယ်ဘောလုံးအားကစားကွင်းကိုလည်းကောင်း၊ မြောင်းမြပြည်သူ့ အားကစားကွင်းနှင့် အားကစားခန်းမများကိုလည်းကောင်း၊ လပွတ္တာမြို့နယ် (၃)မိုင် မြို့သစ်ဘောလုံးအားကစားကွင်း ဆောက်လုပ်မည့် မြေနေရာကိုလည်းကောင်း၊ လပွတ္တာမြို့နယ် ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမနှင့် တင်းနစ်အားကစားကွင်းတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)