နေပြည်တော် ဇွန် ၂၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ဇွန် ၃ ရက်တွင် မင်းကုန်း စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကို လည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ရွှေမြယာနှင့် လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများ ကို လည်းကောင်း၊ ဇွန် ၂၁ ရက် တွင် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှု အတတ်သင် စခန်းကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ ။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသားများကို အုပ်စု လိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲ ရှိမရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင် စခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိမရှိနှင့် နေထိုင်စား သောက်မှု များကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသားများနှင့် တွေ့ဆုံကာ ၎င်းတို့၏တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ကြောင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ် သင်စခန်း များကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား များ၏ အိပ်ဆောင်များ၊ ဆေးပေးခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ လတ်တလောဖြစ်ပွားလျက်ရှိသော ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိ မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ် သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ သို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်