Skip to main content

၂၀၂၁ ခုနှစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဌာန/လုပ်ငန်း /ကော်ပိုရေးရှင်းများ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၂၀

 ၂၀၂၁ ခုနှစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လက်အောက်ရှိ ဌာန/လုပ်ငန်း ကော်ပိုရေးရှင်းများ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အားပေးကြည့်ရှု ဝန်ကြီးဌာနအဆင့် ပိုက်ကျော်ခြင်းဗိုလ်လုပွဲစဉ် ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနအသင်း(DPTSC)နှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအသင်း(MESC) တို့ ယှဉ်ပြိုင်ကစားနေမှုကိုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပြီးပြိုင်ပွဲတွင် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းအသင်းက ဗိုလ်စွဲခဲ့သည်။

ထို့နောက် ပထမဆုရရှိသော မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အသင်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနအသင်းအား ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်က လည်းကောင်း တစ်ဦးချင်း၊ အသင်းလိုက်၊ ဆုတံဆိပ် များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာန/လုပ်ငန်းကော်ပိုရေးရှင်းများမှ ကိုယ်စားပြု အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်သူ အားကစားသမားများအနက် ထူးချွန်သူ များကို ဝန်ကြီးဌာန အသင်းသားများအဖြစ် ရွေးချယ် စခန်းသွင်းလေ့ကျင့်၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်