Skip to main content

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပေးအပ်ရမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံသူ အား ပြည်ကြီးတံခွန်မြို့နယ်၌ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၂၀

    
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အဖျက်အမှောက်လုပ်ငန်း ဆောင်ရွက်သူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်ရာတွင် ဆူပူအကြမ်း ဖက်သူများကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်အောင် ဆောင်ရွက်ပေးမည် ဟုဆိုကာ မိမိကိုယ်ကျိုးအတွက် ငွေကြေးလိမ်လည်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသဖြင့် အဆိုပါကျူးလွန် သူများကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
    

ထိုသို့အရေးယူဆောင်ရွက်လျက်ရှိရာ ဇွန် ၁၉ ရက် ညနေပိုင်းတွင် ပြည်ကြီး တံခွန်မြို့နယ်၊ ၆၈ လမ်း၊ သာယာဝတီမင်းကြီးလမ်းနှင့် မြဝတီမင်းကြီးလမ်းကြားရှိ ဘီယာဆိုင်တွင် ငွေကြေးလိမ်လည်ကောက်ခံသူဖြစ်သည့် ဒေါက်တာ စိုင်းပြည့်စုံချမ်း (၅၁)နှစ်(ဘ)ဦးချမ်းအေး အထူးကုဆရာဝန်(အထွေထွေဆေးပညာ) ဆိုသူ ရောက်ရှိ နေကြာင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူအား ထွက်ဆိုချက်အရ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများ တွင် ကျန်းမာရေးစောင့်ရှောက်သူအဖြစ် အကြိမ်ကြိမ်လိုက်ပါခဲ့ကြောင်း၊ မတ်လ တတိယအပတ်ခန့်မှစတင်ကာ CDM လှုပ်ရှားမှုအား အခြေခံပြီး အဖျက်အမှောက် လုပ်ငန်းများဆောင်ရွက်နေသူများကို အကျဉ်းထောင်အတွင်းမှ လွတ်မြောက်အောင်   ကူညီမည်ဟု လိမ်လည်ပြောဆိုကာ ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် ဟိန်းထက်အောင်၏ ဖခင်ဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်းအား လုံခြုံရေးအဖွဲ့များအား ပေးအပ်ရမည်ဟု လိမ်လည်တောင်းခံခဲ့ကြောင်းနှင့် အဆိုပါငွေကြေးများအား ၎င်း တစ်ဦးတည်မှ ရယူခဲ့ကြောင်း သိရှိရသဖြင့် ဒေါက်တာ စိုင်းပြည့်စုံချမ်း အား ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်