Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးမန္တလေးမြို့ပြဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၂၀

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် မန္တလေးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကို နှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် မန္တလေး မြို့ပြဒေသဖွံ့ဖြိုးရေးနှင့် မန္တလေးမြို့၊ တောင်သမန်သစ္စာအပန်းဖြေစခန်း စီမံကိန်းဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိလမ်း၊ တံတားနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ လုပ်ငန်း များ သတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ ရန်ပုံငွေများ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ လိုက်နာရေးတို့နှင့် ပတ်သက်၍ လမ်းညွှန်မှာ ကြားသည်။

 

အစည်းအဝေးတွင် တံတားဦးစီးဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး(မြို့ပြ)၊  တည်ဆောက်ရေးအဖွဲ့(၁)မန္တလေးမှ ညွှန်ကြားရေး မှူး(မြို့ပြ)နှင့် ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ)များက  ကဏ္ဍအလိုက်  အသီးသီးရှင်းလင်းတင်ပြကြပြီး တည်ဆောက် ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ လမ်းဦးစီးဌာန ညွှန်ကြားရေး မှူး(မြို့ပြ)တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ရှင်း လင်းတင်ပြရာ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်း/တံတားတည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းများ သတ်မှတ် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ပြဖွံ့ဖြိုးရေးအတွက်  လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)