Skip to main content

ဒုတိယဝန်ကြီး ဦးမင်းထိန် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းလုပ်ငန်းများနှင့် ကျေးလက်လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၀

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် (၁၈) ရက် နံနက်ပိုင်းတွင် ပဲခူးမြို့  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လေးအိမ်စု - မယင်း - ရွာ ဟောင်းလမ်း ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား သည်။   

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး  လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူး ရုံးသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ၊ ဦးစိုင်းသက်နိုင်မိုးတို့က လုပ်ငန်းများဆောင်ရွက်နေမှုကို  ရှင်းလင်းတင်ပြရာ   ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖရုံလမ်းခွဲ - အဇန်းတောစွန်း - ပင်လယ်ချောင် ကျေးရွာချင်း ချိတ်ဆက်ကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတော - ကမာကလုတ် - ခနောင် - ကဒပ္ပနလမ်း နှင့် သုံးခွ - တံတား- ကျောက်တန်းလမ်းပိုင်းအား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထင်ကျော် က ကျောက်တန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို  ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍  ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် သီလဝါအိမ်ရာစီမံကိန်းသို့ ရောက်ရှိရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက်  လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး တန်ဖိုးနည်း အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)