နေပြည်တော်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မိဘပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက လက်လုပ်မိုင်းများ၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများအနီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် မိကျောင်းတွင်းကျေးရွာ၏ အနောက်ဘက်မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ ကားလမ်း၏ ဝဲဘက်ခြမ်းမှ အကြမ်းဖက်သူများက လက်လုပ်မိုင်းများ၊ တူမီးသေနတ်များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် သူများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အနီး ဝန်းကျင်၌ မပေါက်ကွဲ သေးသည့် လက်လုပ်ကားမိုင်း ၂ လုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
ဆက်လက်၍ဖြစ်စဉ်တစ်ဝိုက်အား ထပ်မံရှာဖွေစစ်ဆေးခဲ့ရာ အကြမ်းဖက်သူ အမျိုးသား ၁ လောင်းအား တူမီးသေနတ် ၁ လက်နှင့် အတူ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီး လေကာမှန် မိုင်းစထိမှန် ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်