နေပြည်တော် ဇွန် ၁၉
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲကိုတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၃ ရက်အထိ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်