ရန်ကုန် ဇွန် ၁၆
ရန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်း ချောင်းနှင့် အင်းစိန်မြို့နယ်ရှိ ရိုးကြီးချောင်း တူးဖော်ရှင်းလင်းနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် ကျိုက်ဝိုင်းဘုရား လမ်းနှင့် မင်းဓမ္မလမ်းဆုံအနီး ဆည်မြောင်း ချောင်းအတွင်း လူအင်အား၊ ယန္တရား အင်အားဖြင့် ရေစီး ရေလာ ကောင်းမွန်ရေးဆောင်ရွက်နေမှု၊ ချောင်း အတွင်းမှ နုံးများ အမှိုက်များ ဆယ်ယူနေမှုနှင့် ရေစုကန် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် မဟာသုခိတာလမ်းနှင့် အင်းစိန် လမ်းထောင့်ရှိ ရိုးကြီးချောင်းအတွင်း နုံးများ၊ အမှိုက်နှင့် ဒိုက်များ ဆယ်ယူနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)