ယခုဇွန်လပထမပတ်အတွင်းက ချင်းပြည်နယ်မှ ကလေးသူငယ်များ ပညာနိုင်ရေးအတွက် ဟာခါးခရိုင် ပညာရေးဦးစီးဌာနသို့ ယာဉ်နှစ်စီးပေးပို့ခဲ့ မူလတန်းအဆင့်ကျောင်းနေအရွယ် KG တန်းမှ Grade-4 တန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် တစ်သိန်းကျော်ကို ဗန်းကျေးရွာအနီး ဂန့်ဂေါဟားခါးသွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ကြားတွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးထားကြောင်း သတင်းတစ်ပုဒ်ကို တွေ့ရှိရာ လွန်စွာအံ့သြတုန်လှုပ်မိပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ မျိုးစုံတို့၏လုပ်ရပ်များကိုကြား သိဖူးသော်လည်း ဤသို့ပြုလုပ်သော အသိဉာဏ်မဲ့ ရက်စက်ယုတ်မာမှုမျိုးကို ယခုမှကြုံတွေ့ရဖူးခြင်းဖြစ်သဖြင့် အများပြည်သူတို့ လွန်စွာအံ့သြတုန်လှုပ်မိကြမည်မှာ အမှန်ဖြစ်သည်။ ယခုလက်ရှိအချိန်အခါတွင် နိုင်ငံရေး အစွန်းရောက်များက ပညာသင်ကြားရေးကို နှောင့်ယှက်နေကြပြီး မသမာသူအကြမ်းဖက် အဖျက်သမားများက စာသင်ကျောင်းများကို မီးရှို့ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းတို့ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ ယခုအခါ ကလေးငယ်များ ပညာသင်ကြားရမည့် စာအုပ်များကိုပါရက်စက်ယုတ်မာစွာ ဖျက်ဆီးလိုက်သည်ကို ကနဦးတွေ့လိုက်ရသည်။
အစိုးရတစ်ရပ်အပေါ် မကျေနပ်သဖြင့် အစိုးရနှင့်ဆိုင်ရာတို့ကို နှောင့်ယှက် တိုက်ခိုက်ဖျက်ဆီးနေကြသည်ကို ပြောစရာမရှိသော်လည်း ယခုကဲ့သို့ အပြစ်မဲ့ ကလေးသူငယ်များ စာသင်ကြားခွင့်မရအောင် ယုတ်မာဖျက်ဆီးမှု များကိုမူ ပြင်းပြင်း ထန်ထန် ရှုတ်ချရမည်ဖြစ်သည်။ ဤကဲ့သို့လုပ်ရပ်မျိုးကို မြန်မာနိုင်ငံအတွင်း တည်ရှိခဲ့သည့် မည်သည့်လက်နက်ကိုင်အဖွဲ့ အစည်းကမျှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ချင်းပြည်နယ်မှ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများက ပြုလုပ်ခဲ့ခြင်း သည် အသိအမြင်နည်းပါးမှု၊ အသိဉာဏ်တိမ်မှု၊ ရက်စက်မှုကို ညွှန်းဆိုနေပေသည်။ ထိုလုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံရေးနှင့် မိမိပြည်နယ်အန၁ဂတ်ရေး၊ တိုင်းရင်းသား ကလေးငယ်များအန၁ဂတ်ရေးတို့အား ခွဲခြားဆင်ခြင်နိုင်စွမ်းမရှိသည်ကို မြင်တွေ့ နိုင်သည်။
မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နှင့်ကယားပြည်နယ်သည် နောက်ခံသမိုင်း ကြောင်းအခြေအနေ၊ ပထဝီဝင်အနေ အထား အရ ဖွံ့ဖြိုးမှုနိမ့်ကျသော ပြည်နယ်ဖြစ်ခဲ့ သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအဆက် ဆက်တို့က ဖွံ့ဖြိုးမှုနိမ့်ကျသောပြည်နယ် များ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး တို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အတွင်းရှိ ကလေးသူငယ်များ အခြေခံပညာသင်ယူခွင့်ရရှိရေး၊ ပညာတတ်မြောက်ရေးမှာ အထူးအလေးထားဆောင်ရွက်ကြသည်။ ယခုအခါ ပညာသင်ကြားနေသောသူများ ပညာမသင်ကြား ပေးနိုင်ရေး၊ စာသင်ကျောင်းများ ဖျက်ဆီးရေးတို့ကို ပြုလုပ်လာရုံမက ချင်းပြည်နယ် တွင် ကလေးသူငယ်များ၏ကျောင်းစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်းသည် အဖျက် သမားသောင်းကျန်းသူသမိုင်းတွင် စံချိန်တင်ခဲ့လေသည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဖျက်သမားတို့က အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်သော်လည်း ဤသို့ဖျက်ဆီး မှုများ ပြုလုပ်ခဲ့ခြင်းမရှိပေ။ မိမိတို့ဘဝတူ တိုင်းရင်းသားပြည်သူကလေးသူငယ်များအား ငဲ့ညှာထောက်ထားလေ့ ရှိကြသည်။ လက်နက်ကိုင်ပဋိပက္ခနယ်မြေအတွင်း၌ မိမိတို့တိုင်းရင်းသားများ စာသင်ကြားရေး ဆိုင်ရာတို့ကို ဖျက်ဆီးကြခြင်းမရှိပေ။ ယခုလုပ်ရပ်သည် ကမ်းကုန်အောင်ရက်စက် ယုတ်မာမှုလုပ်ရပ်ပင်ဖြစ်သည်။ မဖွံ့ဖြိုးသေးသော မိမိတို့ပြည်နယ်ကို မဖွံ့ဖြိုးအောင်၊ မဖွံ့ဖြိုးသေးသော မိမိတို့ပြည်နယ်မှကလေးသူငယ်များ ပညာသင်ကြားနိုင်အောင်၊ ပညာမတတ်အောင် အစွန်းရောက်လက်နက်ကိုင်သောင်းကျန်းသူများ၏အသိ ဉာဏ်မဲ့ယုတ်မာသောလုပ်ရပ်များပင် ဖြစ်သည်။ ချင်းပြည်နယ်အတွင်းမှ ကလေး သူငယ်များအတွက် နစ်နာမှုများ များစွာဖြစ်ပေါ်ခဲ့ရသည်။
အခြေခံပညာစာသင်ကျောင်းများကို ယခုဇွန်လ ၁ ရက်နေ့မှစတင်၍ ဖွင့်လှစ် နိုင်ခဲ့သည်။ နိုင်ငံတစ်ဝန်း၌ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၄၇၇၆၀ ရှိသည့်အနက် ဇွန်လ ၁၀ ရက်နေ့အထိ ကျောင်းပေါင်း ၄၂၀၈၀ ဖွင့်လှစ်နိုင်ခဲ့သည်။ ကျောင်းသား ကျောင်းသူ လေးသန်းကျော် ကျောင်း အပ်နှံခဲ့ကြပြီး ဇွန်လ ၁၀ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ သုံးသန်းကျေ ပညာသင်ကြားလျက်ရှိသည်။ ယင်းတို့အထဲတွင် ချင်းပြည်နယ်မှ ကျောင်းသား ကျောင်းသူများလည်းပါဝင်သည်။ ကျောင်းများဖွင့်လှစ် ရန်ပြင်ဆင် ချိန်မှစ၍ NLD နှင့် NLD ထောက်ခံသူများမှ အဖျက်သမားများက စာသင်ကျောင်းများအား နှောင့်ယှက်ဖျက်ဆီးမှု ၁၆၈ ကြိမ်ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်မှုများတွင် ချင်းပြည်နယ်၌ ယခုဖြစ်ပေါ်ခဲ့သော အခြေခံပညာ ကျောင်းသား ကျောင်းသူလေးများအား ပညာသင်ကြားရေးကို နှောင့်ယှက်ဖျက်ဆီး မှုသည် ဆိုးရွားယုတ်မာရက်စက်သော အသိဉာဏ်မဲ့၊ အသိဉာဏ်ပျက် လုပ်ရပ်များ ပင်ဖြစ်သည်။ ချင်းပြည်နယ်အတွင်းမှ အပြစ်မဲ့ပြည်သူအနာဂတ်၏ အညွှန့်အဖူး ကလေးငယ်လေး များ၏ဘဝများကို နင်းချေဖျက်ဆီးခြင်းဖြစ်၍ ပြင်းပြင်းထန်ထန် ရှုတ်ချရပါကြောင်း။ ။