Skip to main content

ဒုတိယဝန်ကြီးဦးကိုကိုလွင် Board of Engineers Malaysia ဥက္ကဋ္ဌ Dato’ Ir. Haji Mohamad Zulkefly bin Sulaiman နှင့် Virtual စနစ်ဖြင့် တွေ့ဆုံ ဆွေးနွေး

 

နေပြည်တော် ဇွန် ၁၄

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းတွင် Board of Engineers Malaysia ၏ ဥက္ကဋ္ဌနှင့် NABEEA အဖွဲ့အစည်း၏ ဥက္ကဋ္ဌ Dato’ Ir. Haji Mohamad Zulkefly bin Sulaiman ဦးဆောင်၍ Issues and Solutions of Signatories ခေါင်းစဉ်ဖြင့် ကျင်းပသည့် Virtual ဆွေးနွေးပွဲတစ်ရပ်သို့ ယင်းဝန်ကြီးဌာနမှ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာအင်ဂျင်နီယာ မဟာမိတ်အဖွဲ့ (Intentional Engineering Alliance) စာချုပ်ဝင်နိုင်ငံများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်များ မျှဝေခြင်း၊ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ဝါရှင်တန်သဘောတူညီချက် (Washington Accord) တွင် ပါဝင်လက်မှတ် ရေးထိုး နိုင်ရေးအတွက် မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီမှ ဦးစီးဆောင် ရွက်လျက်ရှိသည့် အင်ဂျင်နီယာဆိုင်ရာ ဘွဲ့များနှင့် ပတ်သက်၍ တရားဝင်အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ဝါရှင်တန်သဘောတူညီချက်တွင် ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ မလေးရှား နိုင်ငံ၊ တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံ အပါအဝင် လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ဝင်နိုင်ငံ ပေါင်း (၂၁)နိုင်ငံရှိပြီး လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသော နိုင်ငံများမှာ ထိုင်း နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံရှိသည်။ ဝါရှင်တန်သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေး ထိုးဆောင်ရွက် နိုင်ပါက မြန်မာနိုင်ငံ ရှိ အင်ဂျင်နီယာများအနေဖြင့် နိုင်ငံတကာတွင် အလုပ်အကိုင် ရရှိရန် အခွင့်အလမ်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)