နေပြည်တော် ဇွန် ၁၄
ပို့ကုန်/ သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်း(၂/၂၀၂၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အရာထမ်း၊ အမှုထမ်းများအားလုံး ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ ဥပဒေများ၊ အမိန့်များ၊ ညွှန်ကြား ချက်များကို သိရှိနေရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်လုပ်ကိုင်နေသည့် အခြား ဝန်ကြီးဌာနများ၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများကိုလည်း သိရှိနေရမည်ဖြစ်သလို၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကိုလည်း စဉ်ဆက်မပြတ် လေ့လာသုံးသပ်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုချီးမြှင့်ပြီး အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း က သင်တန်းဆင်း အောင်လက်မှတ်များအား သင်တန်းသားတစ်ဦးထံသို့ ပေးအပ်ချီးမြှင့်ခဲ့သည်။ သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၂၅) ဦးတက်ရောက်ခဲ့ကာ သင်တန်းကာလမှာ ရက်သတ္တပတ် (၉) ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ် )