Skip to main content

အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်(၆၁)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၉၇) ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဇွန် ၁၄

 

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်()နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၉၇) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပြည်သူ့ ဝန်ထမ်းအကယ်ဒမီတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး၊  တက္ကသိုလ်သင်ကြား၊ စီမံ ဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးရဲနိုင် က ယနေ့ ဖွင့်လှစ်သည့်သင်တန်း(၂)ခု၌  ဝန်ထမ်းများသိရှိရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိစေရန်၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို လေ့လာနိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်မှု၊ ချစ်ခင်င်းနှီးမှုများရရှိစေရန်၊  စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊  ယုံကြည် ချက်၊ ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် သင်ကြားလေ့ကျင့် ပေးသွား မည်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့ ရာထူး အဆင့်အလိုက် တတ်ကျွမ်းသင့်သည့် လုပ်ငန်းစွမ်းရည်၊  စီမံခန့်ခွဲရေးစွမ်းရည်၊  စိတ်ဓာတ် စွမ်းရည်နှင့် ခေါင်းဆောင်မှု အရည်အသွေးများ တိုးတက်ဖွံ့ဖြိုးလာစေရန် အားထုတ် ကြိုးပမ်းကြရန် လိုအပ်ကြောင်း မှာကြားပြီး သင်တန်းသား၊ သင်တန်းသူများအား လိုက်လံ တွေ့ဆုံ အားပေးစကားပြောကြားသည်။

 

အဆိုပါ အရာထမ်းအခြေခံသင်တန်းအမှတ်စဉ်()မှ သင်တန်းသား သင်တန်းသူ (၁၆၈)ဦးနှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း၊ အမှတ်စဉ်(၉၇)မှ  သင်တန်းသား သင်တန်းသူ      (၁၇၄)ဦး တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)