လားရှိုး ဇွန် ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့နံနက်ပိုင်းတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရေး နှင့် အသိပညာ ဖြန့်ဝေရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်တွင် ရှမ်းပြည်နယ် ၂ (မြောက်ပိုင်း) လားရှိုးမြို့၊ ဟိုပန်မြို့၊ လောက်ကိုင်မြို့တို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံများမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံ၍ ကျန်းမာရေးဂရုပြု ဆောင်ရွက်ရန် ကိစ္စများ၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် မိမိတို့ လုပ်ငန်းတာဝန်များကို ရိုးသားကြိုးစားစွာ ထမ်းဆောင် ရေးကိစ္စများ၊ စိတ်ဓာတ်၊ စည်းကမ်း၊ စေတနာနှင့် စွမ်းဆောင်ရည် ကောင်းမွန်စေရေး ကြိုးစား လေ့ကျင့်ဆောင်ရွက်ရန် လိုအပ်မှုများကို ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေနှင့် အစားအသောက်များ ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)