Skip to main content

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ကလေးဝမြို့နှင့် ကလေးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော် ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဇွန် ၁၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက ကလေးဝမြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ကြက်ဥအလုံး ၅၀၀၊ ကုလားပဲ ပိဿာ ၅၀၊ ရွှေဖီဦး လက်ဖက် ခြောက်ထုပ်အထုပ် ၅၀၊ စားသောက် ဖွယ်ရာများနှင့် နှာခေါင်းစည်းအခု ၅၀၀၀ တို့ကို ပေးအပ်ရာ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဒေသခံပြည်သူများက လက်ခံရယူကြသည်။

အလားတူ ယနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် အနောက်မြောက်တိုင်း စစ်ဌာချုပ်ရှိ နယ်မြေခံတပ် ခန်းမ၌ ကလေးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ ကြက်ဥ အလုံး ၁၀၀၀၊ ကုလားပဲ ပိဿာ ၁၀၀၊ ရွှေဖီဦးလက်ဖက်ခြောက် အထုပ် ၃၀၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Surgical Gown (E) အစုံ ၁၀၀၀၀၊ Surgical Cap အခု ၉၀၀၀၊ Surgical Mask အခု ၂၀၃၀၀၀၊ Exam Glove ဖာ ၅၀၊ Pluse Oxymeter အခု ၅၀၀၊ N 95 Mask အခု ၅၀၀၀၊ Bleaching Powder ၁၀ပုံး၊  PPE Fullset အစုံ ၄၈၀၀၊ Goggle အခု ၁၀၀၀၊ Virak Transport Medium(UTM) အခု ၅၀၀၀၊ Body Bag အခု ၅၀၊ Apron အခု ၄၀၀၀၀၊ Hand Gel ဘူး ၁၀၀၀ တို့ကို ပေးအပ်ရာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ဒေသခံ ပြည်သူများက လက်ခံရယူကြသည်။

ကျန်းမာရေးစောင့်ရှောက်

ထို့ပြင် ကလေးခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ဆေးကုသရေးအဖွဲ့က COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်