Skip to main content

မြန်အောင်မြို့နယ်၊ အိုးလည်ပင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား ဖျက်ဆီး၍ ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သူအား အမှုဖွင့်

နေပြည်တော် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အစယ်ကျေးရွာအုပ်စု၊  အိုးလည်ပင်း ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအား မေ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျောင်းဝန်းတံခါးအား ဖျက်၍ ကျောင်းဝန်းအတွင်းဝင်ရောက်ကာ ကျောင်းအတွင်းရှိ လက်ဆေးဘေစင် ၄ ခုနှင့် သောက်ရေသန့်စတီးရေစင်တို့အား တွန်းလှဖျက်ဆီးခဲ့ပြီး ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာ ရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သည့် အဆိုပါကျေးရွာနေ ထိန်းလင်းဦး(ဘ)ဦးလှကို အား ဇွန် ၁၂ ရက်တွင် ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ သမာဓီလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

အဆိုပါစာသင်ကျောင်းအား ဖျက်ဆီး၍ ခြိမ်းခြောက်စာရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သူအား သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်