နေပြည်တော် ဇွန် ၁၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်း မြို့၊ မင်းရပ်ရပ်ကွက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ငွေကျပ် သန်း (၁၀၀) ဖြင့် “Marked Panorama Co., Ltd” က တင်ဒါအောင်မြင် ဆောက်လုပ်ပြီး စီးခဲ့သော အလျားပေ (၉၀) ၊ အနံပေ (၃၀) ၊ အမြင့် (၁၈)ပေရှိ Cyclone Shelter ဆောက်လုပ် ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက် ထားရှိမှု များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက Shelter အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မူလတန်းကြို ကျောင်းသို့ရောက် ရှိကြရာ တာဝန်ရှိသူများက မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စာသင်ခန်း၊ ကလေးများ ကစားရာနေရာ၊ သင်ထောက်ကူအသုံးအဆောင် ပစ္စည်းများနှင့် ထမင်းစားခန်းများ အား လိုက်လံကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)