မန္တလေး ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးရန် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို ကာကွယ် ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးနေမှု၊ ကာကွယ် ဆေးထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှုအားပေး ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူးနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ကာကွယ်ဆေး ထိုးနှံနေမှုများကို လိုက်လံရှင်းလင်း ပြသသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပညာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးလျက်ရှိရာ ယခုအကြိမ်သည် ပထမအကြိမ်ဖြစ်ပြီး ဇူလိုင် ၂ ရက်တွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်