Skip to main content

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက် သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၁  

  
    
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက် သိမ်းဆည်း ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
    
ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ စလင်း လမ်း၊ တိုက်(၃)၊ (၆)လွှာ၌ ဆူပူဆန္ဒပြမှု များပြုလုပ်ရန် လူစုနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်ကွက်နေ ထက်ပိုင်စိုး(၂၉)နှစ် (ဘ)ဦးတင်ဝင်းပါ ၅ ဦးနှင့်အတူ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် ဗွီနိုင်း၊ စာရွက်စာတမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်စာအုပ် ၆ အုပ်၊ ချက်လက်မှတ်စာအုပ် ၆ အုပ်၊ နိုင်ငံခြားငွေနှင့် မြန်မာ ငွေအဝင်အထွက် ဇယား ၃ ရွက်၊ မြန်မာငွေစက္ကူရောရာ ၁,၆၃၂,၅၀၀၊ 5F/xxxx မော်တော်ယာဉ် ၁ စီး တို့အား တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။


    
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော မြို့နယ်၊ မာတင်ချော် လဲစစ်ဆေးရးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လွိုင်ကော်မြို့ဘက်မှ အောင်ပန်းမြို့ဘက်သို့ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ အမှတ်(၃၀)ရပ်ကွက်နေ နေမျိုးအောင်(ခ)နေအောင် (၃၅)နှစ် (ဘ) ဦးဟာနစ် မောင်းနှင်ပြီး မြောင်မြို့နယ်၊ ကျောက်မျက်ကျေးရွာနေ စိုးလင်း(ခ) ကုရ်ဘန်း (၂၄)နှစ် (ဘ)ဦးမောင်ကိုလေးပါ ၄ ဦးတို့ လိုက်ပါလာသည့် YGN 2K-xxxx Fuso (၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ (၁)ထုပ်လျှင် ၅ ကျပ်သားခန့်ပါ ယမ်းပျော့ ၂၀ ထုပ်နှင့် အက်စစ် ၁ လီတာခန့်ပါ ပလပ်စတစ်ဘူး ၈ ဘူးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


    
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက်သိမ်း ဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်