စာချစ်သူ
လူငယ်ဆိုသည်မှာ ရိုးသားသည်။ ဖြူစင်သည်။ လူတိုင်းအပေါ် ကူညီတတ်သည်။ အရာရာကို စူးစမ်းသည်။ လေ့လာသည်။ တက်ကြွသည်။
လူငယ်များနှင့်ပတ်သက်၍ ဒေါက်တာ မောင်မောင်က “သားမောင်စစ်သည်သို့” စာအုပ် တွင် “လူငယ်များ သည်မည်သည့် အဝတ်အစားတွေ ဝတ်ဝတ်၊ မည်သည့်စကားတွေဆိုဆို အချိန်တန် လျှင် တိုင်းပြည်ကို ချစ်တတ်ကြသည်။ မြန်မာ လူငယ်မောင်မယ်တို့အတွက် ဤစာအုပ်ကို ရေးသားပါသည်” ဟူ၍ အမှာစာတွင်ဖော်ပြခဲ့သည်။
“လူငယ်လေးတစ်ဦးပါ ... တေလေလေး အလား...ဝိုင်းကဲ့ရဲ့တယ်... အားလုံးမှားသွားပြီ ကွယ် ... ခွင့်လွှတ်ခဲ့ပါတယ်။ လူငယ်လေးတစ်ဦး ဟာ တယ်လီဖုန်းလေးဖြစ်ဖို့ကွယ် ... ကြိုးစား သွားခဲ့သူကို ... လေးစားမိပါတယ်။
ခြေလျင်လာမြေပြင်... မော်တော်ယာဉ် ဖန်ဆင်းခဲ့တယ်... မော်တော်ယာဉ်ကျော်ကာ.. လေယာဉ်ပျံ တီထွင်သွားကြတယ်။ လူငယ်ဟာ လူငယ်... ဇွဲကောင်းကောင်း ဖွေရှာပါစေကွယ်။ အမှန်အမှားတွေ ကိုယ်တွေ့ရှာ... မှားသွားလည်း နေပါစေ... အမှန်တရားကိုရှာတဲ့သူရဲရဲပဲရှာပါစေ။
လူငယ်လေးတစ်ဦးပါ... သေရင်အားလုံး စွန့်လွှတ်ရမယ်... အားလုံးကောင်းကျိုး ဆောင် ရန်... ကြိုးစားအသက်ရှင်မယ်” ။
ဟူသည့် တေးရေးသုခမိန်လှိုင် ရေးစပ် သီကုံးပြီး ပလေးဘွိုင်းသန်းနိုင်နှင့် ဇော်ဝင်းထွဋ် တို့ သီဆိုခဲ့သော “လူငယ်လေးတစ်ယောက် အကြောင်း” သီချင်းသည် လူငယ်ထု၏ သဘော စရိုက်ကို ကွက်ကွက်ကွင်းကွင်း ဖော်ကျူးထား သော သီချင်းတစ်ပုဒ်ဖြစ်လေသည်။
သို့တစေ ခေတ်အဆက်ဆက်က မြန်မာ လူငယ်အများစုသည် စွန့်ဦးတီထွင်မှုအပိုင်းထက် နိုင်ငံရေးကဏ္ဍတွင် ပို၍တက်ကြွလှုပ်ရှားမှု များသည်ဟု ဆိုရပေမည်။
လူငယ်ထုကို အသုံးချတတ်
လူငယ်ထု၏ နိုင်ငံရေးနိုးကြားတက်ကြွမှု အပေါ် အခွင့်ကောင်းယူ၍ နိုင်ငံရေးသမားများက လည်း မိမိ၏ကိုယ်ကျိုး အတွက် ခေတ်တိုင်းခေတ် တိုင်း လူငယ်ထုကို အသုံးချတတ်ကြလေသည်။
- ကွန်မြူနစ်ပါတီ ဗမာပြည်(အလံနီ)နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)တို့၏ စစ်ရေး၊ နိုင်ငံရေးလမ်းကြောင်း တွင်လည်း လူငယ်တွေ၊ ဖဆပလခေတ်က ပါတီအသီးသီး၏ အာဏာ နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း လူငယ်တွေ၊ ခေတ်အဆက်ဆက် ပေါ်ပေါက်လာသည့် ကျောင်းသားလှုပ်ရှားမှုများတွင်လည်း လူငယ် တွေ၊ ၈၈ အရေးအခင်းမှ သည်လက်ရှိကာလအထိ နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း လူငယ်တွေ ရှေ့ဆုံးက ပါဝင်ခဲ့ကြလေ သည်။ သို့ရာတွင် ပြီးခဲ့သည့်ပါတီစုံဒီမိုကရေစီစနစ်ခေတ်တွင် တစ်ချိန်က နိုင်ငံရေးလှုပ်ရှားတက်ကြွသူအချို့ လူငယ်နိုင်ငံရေး သမားဘဝခံယူ၍ သီးခြားပါတီထောင်ပြီး အာဏာ နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းတော့ နိုင်ငံရေးသမားအများစုနှင့် လှုပ်ရှားတက်ကြွ သူများက သဘောမကျကြ၊ မနှစ်မြို့ကြတော့။
မြန်မာလူငယ်မောင်မယ်တို့၏ စိတ်ကူး အိပ်မက်များက ခေတ်အဆက်ဆက် လောင်းရိပ် အောက်တွင် အကန့်အသတ်ရှိနေသည်။ ကမ္ဘာကြည့်ကြည့်မြင်တတ်ဖို့လို ပစ္စက္ခကာလတွင် လူငယ်ထုဆိုလျှင် တော်လှန် ရေးလမ်းစဉ်မှတစ်ပါး အခြားမရှိဟူသည့် အစဉ်အလာ ဟောင်း၊ အတွေးအခေါ်ဟောင်းများကိုဖောက်ထွက်ဖို့ အချိန်တန်လေပြီ။ ကမ္ဘာကြည့်ကြည့်မြင်တတ်ဖို့ လိုသည်။
တာဝန်ရှိသူများကလည်း နယ်ပယ်အသီးသီး တွင် လူငယ်ထုကို အခြေပြုဖို့ လမ်းခင်းပေးကြရပါမည်။
လူငယ်ထုအပိုင်းကလည်း လမ်းကြောင်းမှန် အပေါ်ရွေးချယ်၍ မိမိစိတ်ကူးအိပ်မက်များကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းတည်ဆောက်ကြရပါမည်။ စီးပွားရေး နယ်ပယ်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးနယ် ပယ်ပဲဖြစ်ဖြစ် မည်သည့်နယ်ပယ်တွင်ဖြစ်စေ မိမိ၏စိတ်ကူး အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်လူငယ် များပညာတတ်မှ စာဖတ်မှ အခြေခိုင်ခံ့ပေမည်။ သူများထက် ထူးချွန်ထက်မြက်ပေမည်။ ပညာ မတတ်၊ စာမဖတ်ဘဲ မည်သည့်စိတ်ကူးစိတ်သန်းမှ ထွက်လာလိမ့်မည်မဟုတ်ပေ။ - ကမ္ဘာကျော် Apple ကုမ္ပဏီကြီးကို သူငယ်ချင်း တစ်ဦးနှင့်ပေါင်းစပ်၍ ပစ္စည်းအဟောင်းများ ရောင်းရငွေဒေါ်လာ ၁၃၀၀ နှင့် ၁၉၇၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကားဂိုဒေါင်လေးထဲ၌ စတင်တည် ထောင်ခဲ့သူ စတိဗ်ဂျော့၏ ဘဝဇာတ်ကြောင်းကို လေ့လာ ကြည့်လျှင် သိမြင်နိုင်သည်။
စတိဗ်ဂျော့သည်ဖခင်၏သင်ကြားပေးမှုကြောင့် ကျောင်းမနေရခင်ကတည်းကစာဖတ်တတ်နေသည်။ သူကျောင်း တွင် လုပ်ချင်သည့်အလုပ်က စာဖတ်ခြင်း နှင့် အပြင်ထွက်ပြီး လိပ်ပြာလေးများ လိုက်ဖမ်းသည့် အလုပ်ဟု ဆိုသည်။ စာဖတ်ရသည်ကို သူက သဘော " သို့ရာတွင် ငယ်စဉ်က ကျောင်းတွင် အတော် ဗရုတ်ကျသည်။ လေးတန်းနှစ်အရောက်တွင် မစ္စဟေးလ်စ်ဆိုသည့် ဆရာမတစ်ဦးနှင့်တွေ့သည်။ ဆရာမက သူ၏ဘဝကိုပြောင်းလဲပေးခဲ့သည်။ သူ့ကို ပိုက်ဆံများ၊ ချိုချဉ်များနှင့် မက်လုံးပေး၍ စာတွင် စိတ်ဝင်စားလာအောင် စည်းရုံးခဲ့သည့်အပြင် ကင်မရာတစ်လုံးတပ်ဆင်နိုင်အောင် လိုအပ်သည့် အစိတ်အပိုင်း များကို ယူလာပေးသည်။ ကျသည်။
နောင်တစ်ချိန်တွင် စတိဗ်ဂျော့က “တစ်ဘဝ လုံးမှာ သင်ခဲ့ရတဲ့ပညာတွေထက် လေးတန်းနှစ် တစ်နှစ်တည်းမှာ သင်ခဲ့ရတဲ့ ပညာတွေကတောင် ပိုများမလားပဲ။ လေးတန်းနှစ်မှာ ဆရာမ ဟေးလ်စ် နဲ့သာ မတွေ့ခဲ့ရရင် ကျွန်တော့်ဘဝက ထောင်ထဲမှာ ဇာတ်သိမ်းရမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာ တယ်” ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။
အခရာကျ လူတစ်ဦး၏ ဘဝလမ်းကြောင်း မတိမ်းမစောင်း ဖြောင့်တန်းဖို့က မိဘဆရာသမားတို့၏ထိန်းကျောင်း ပဲ့ပြင်သွန်သင်ဆုံးမမှုက အခရာကျပေသည်။
ပစ္စက္ခမြန်မာပြည်၏ အခြေအနေကတော့ စာအံသံများက တိုးတိတ်နေသည်။ စာသင်ကျောင်း များကလည်း နေခြည်မှာ ရွှေရည်မလောင်းနိုင်သေး။ အချို့စာသင်ကျောင်းများက ပြာပုံထဲမှာ။ ကလေးငယ်အချို့၏ အနာဂတ်မှာလည်း မိဘ အချို့၏ လွဲမှားသောအယူအဆ၊ စိတ်ခံစားချက်များ ကြောင့် ကျောင်းမအပ်နှံသေးဘဲ မှုန်ဝါးနေဆဲ။ နိုင်ငံရေးသမားများ၏လိုဘကြောင့်အသုံးချခံလူငယ် အချို့၏ အနာဂတ်သည်လည်း လမ်းပျောက်နေဆဲ။
တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် စတိဗ်ဂျော့၏ ပြောကြားမှုများကို ဖျတ်ခနဲ သတိရလိုက်သည်။ မေး - ခင်ဗျားကို စံပြပုဂ္ဂိုလ်အဖြစ်ထားတဲ့ လူငယ်တွေအတွက် အောင်မြင်မှုလက်စွဲက ဘာတွေ ဖြစ်မလဲ။ ဘာတွေကို ရှောင်ရှားသင့်သလဲ။
ဖြေ - ဒီမေးခွန်းကို ကျွန်တော်ခဏခဏ ခဲ့ပြီးပါပြီ။ ဖြေတိုင်းလည်း တစ်ပုံစံတည်း ဖြစ်ခဲ့ပါတယ်။ “ကျွန်တော် စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်ချင်လို့ပါ” ဆိုပြီး လာပြောကြတဲ့ လူငယ်တွေ အများကြီးပဲ။ အဲဒီအခါ ကျွန်တော်က “ဟာ - ကောင်းတာပေါ့။ မင်းမှာ ဘာအိုင်ဒီယာ တွေရှိလဲ” ဆိုတဲ့အခါ ဒီကောင်တွေ ဘာပြောသလဲ ဆိုတော့ “ကျွန်တော့်မှာ ဘာအိုင်ဒီယာမှ မရှိ သေးဘူးခင်ဗျ”တဲ့။ ဒါဆို မင်းမှာ အရူးအမူးစွဲလမ်း ( တပ်မက်ရမယ့် ရမ္မက်တစ်ခုရှာမတွေ့သေးမချင်း ဘတ်စ်ကားလက်မှတ်စစ်လို အလုပ်မျိုးပဲဖြစ်ဖြစ် ရှာပြီးတော့သာ လုပ်နေပေတော့လို့ ပြောလိုက်ရ တယ်။ စွန့်ဦးတီထွင်တဲ့အလုပ်မှာ အောင်မြင်တဲ့လူနဲ့ မအောင်မြင်တဲ့လူဆိုပြီး အုပ်စုနှစ်စု ကွဲပြားသွားစေ တဲ့ အရင်းခံကခေါင်းမာစွဲကပ်မှုရှိခြင်း၊ မရှိခြင်းပဲလို့ ကျွန်တော်ထင်တယ်။ ဒါအလွန်ခက်တယ်ဗျ။ ဘဝရဲ့ အစိတ်အပိုင်းတွေအများကြီးကို ပေးဆပ်ပြီး လုပ်ရတာ။ မိုးထဲရေထဲရောက် လာတဲ့အချိန်မှာ လူတွေလက်လျှော့ကုန်ကြတာပဲ။ သူတို့လည်း အပြစ် တော့မတင်ပါဘူး။ ဒီအလုပ်က ဘဝကို တစ်စစနဲ့ ဝါးမျိုပစ်တဲ့အလုပ်ဗျ။ ရမ္မက်စိတ်နဲ့ အလုပ်မလုပ် ရင်တော့ ကြာကြာခံမှာမဟုတ်ဘူး။ ဒါပါပဲ သို့ဆိုလျှင် နယ်ပယ်အလိုက်ထူးချွန်ထက်မြက် သူ၊ အောင်မြင်သူတစ်ဦးဖြစ်ဖို့၊ စိတ်ကူးစိတ်သန်း အိုင်ဒီယာကောင်းများရှိဖို့ အရေးကြီးသည်။ အိုင်ဒီ ယာကောင်းများ ပေါ်ထွက်လာဖို့ စာသင်၊ စာဖတ်ဖို့ လိုအပ်ပါသည်။ ။
“လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီး တဲ့ မြန်မာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနှင့် တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့ လိုတယ်။ ဒီလိုမှမလုပ်ရင် လွတ်လပ်တဲ့ မြန်မာပြည်ဟာ လွတ်လပ်ရေးအရသာကို ကျပ်ပြည့်တင်းပြည့် ခံစား ရမှာ မဟုတ်ဘူး”ဟူသည့် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် မတ်လ အတွင်းက ပြောကြားခဲ့သည့် အသံလွှင့်မိန့်ခွန်းကိုကျွန်တော်ကြားယောင်လာသည်။
ကိုးကား။ ။နိုင်ရဲကျော်၏ကမ္ဘာကျော်အင်တာဗျူးများ။