Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးအဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်း များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၈ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇွန်(၇)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေး ရေးနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အဦ ဆောက်လုပ်ထားရှိမှု၊ အဆောက်အဦအတွင်း ကျေးလက်လမ်းတံ တားများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက် နိုင်ရေးအတွက် ကျေးလက်လမ်းခင်းပစ္စည်းများ၊ ဓါတ်ခွဲစမ်းသပ်ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၏ မြန်မာ-ကိုရီးယား ဆောက်လုပ်ရေးပစ္စည်း စမ်းသပ်စစ်ဆေးရေး အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး သည်။ဆက်လက်၍ အဆောက်အဦဦးစီးဌာန၏ ISO/IEC 17025:2017 ရရှိပြီးဖြစ်သော ဘိလပ်မြေနှင့် ကွန်ကရိ Laboratories ခန်းအတွင်းရှိ ဓါတ်ခွဲခန်းများကို ကြည့်ရှု စစ်ဆေးပြီး အစည်းအဝေးခန်းမဆောင်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနခွဲတွင် သဲ/ကျောက်/ဘိလပ်မြေ ကတ္တရာဓါတ်ခွဲ လက်တွေ့စမ်းသပ် ပြသနေမှုနှင့် ဓါတ်ခွဲခန်းများ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တံတားဦးစီးဌာန၊ အရည်အသွေး ထိန်းသိမ်းရေး ဌာနခွဲ၌ တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် ဓါတ်ခွဲစမ်းသပ်နေမှု၊ တံတားများအတွက် မြစ်ကြောင်းအတွင်း ရေအတိမ်အနက် စမ်းသပ်သည့် River Surveyor (M9) ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်းများအား COVID–19 ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံ အမှာစကားပြောကြားသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒါးပိန်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ သပြုကျေးရွာတို့အား ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား ( ဒါးပိန် - သပြု ) ချဉ်းကပ်လမ်း ( ရန်ကုန်တိုင်းဒေသကြီးအပိုင်း ) တွင် အောက်ခံလမ်းသားအလွှာ အား Well Graded Material ဖြင့် လမ်းခင်းနေမှုအခြေအနေကိုလည်းကောင်း၊ ကတ္တရာ ကွန်ကရစ်(AC) ခင်းနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြု - ရှမ်းကံ - ကဝလမ်း အခြေအနေကို လည်းကောင်း၊ ပဲခူးမြို့မှတဆင့် ရန်ကုန် - ပဲခူး - တောင်ငူ - မန္တလေး ပြည်ထောင်စုလမ်းမကြီး (ပဲခူး- ညောင်လေးပင်အပိုင်း) လမ်းအခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၏ ရုံးအဆောက်အဦနှင့် Mini Lab အခန်းတွင် သံချောင်းနှင့် ကွန်ကရစ်ခံနိုင်ဝန် လက်တွေ့စမ်းသပ်ပြသမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)