ရန်ကုန် ဇွန် ၈
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ဦးဗိုလ်ဌေး သည် ယနေ့ နံနက် ၇ နာရီခွဲက ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း မန်ကျည်းတန်း မြောင်း ရေထိန်းတံခါးသို့ ရောက်ရှိရာ ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများက ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗဟန်းမြို့နယ်အတွင်းမှ ရေဝင်ရောက် မှု၊ ကန်ရေမြင့်တက်လာမှု၊ ရေထိန်းတံခါးနှင့်မြောင်းအတွင်း အမှိုက်ဆယ်ယူရှင်းလင်းနေ မှုနှင့် ကန်တော်ကြီးအဝင်ရေပြွန်ပေါက်မှ အမှိုက်များ ဆယ်ယူသန့်စင်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်နှင့်စပ်လျဉ်း၍ မြို့တော်ဝန်က “မန်ကျည်းတန်းမြောင်းသည် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ ကြားတောရရပ်ကွက်၊ ရေတာရှည် ရပ်ကွက်၊ ငါးထပ်ကြီးနောက်ရပ် ကွက်နှင့် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်တို့ ပါဝင်သည့် Catchment Area မှ စီးဝင်သည့် ရေများကို လက်ခံရာနေရာဖြစ်ခြင်းကြောင့် တိရစ္ဆာန် ဉယျာ်ဉ်အတွင်းရှိ မြောင်းမှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်စေသကဲ့သို့ အမှိုက်ဆယ် ယူသန့်စင်ပြီး မိုးရေကို ကန်တော်ကြီးထဲစီးဆင်းစေခြင်းဖြင့် ဗဟန်းမြို့နယ် အတွင်းမှ ရေကြီးရေလျှံမှုကို ထိန်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မိုးသည်းထန်စွာ ကျရောက်ချိန်များတွင် ရေမကြီးအောင် မန်ကျည်းတန်းမြောင်းကို ဆက်ပြီးရှင်းလင်းထား ရန်လိုကြောင်းနှင့် ဆယ်ယူရရှိပြီး အမှိုက်များ စွန့်ပစ်ရေးအတွက် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)