Skip to main content

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၀ခုတို့ရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေစာမေးပွဲများ ကျင်းပမည်

နေပြည်တော် ဇွန် ၁ ၂၀၂၀ ပြည့်နှစ်အတွင်း ကြော်ငြာခေါ်ယူခဲ့ပြီး ကိုဗစ်-၁၉ ကူးစက် မြန်ရောဂါ အခြေအနေအရ စာမေးပွဲကျင်းပရန် ဆိုင်းငံ့ထားခဲ့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်၊ ၃/၂၀၂၀ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၁၀ ခုမှ လစ်လပ်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေစာမေးပွဲကို ဇွန် ၂၆ ရက် (စနေနေ့)တွင် မြန်မာစာဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ အင်္ဂလိပ်စာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ လည်းကောင်း၊ ဇွန် ၂၇ ရက် (တနင်္ဂနွေနေ့) တွင် သုတရေးရာ ဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁နာရီအထိ လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် စာစစ်ဌာန ငါးခု၌ သတ်မှတ်နေ့ရက်၊ အချိန်များတွင် တစ်ပြိုင်တည်း ကျင်းပ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ အသိပေးကြေညာမည် ဖြေဆိုသူများအတွက် စာမေးပွဲခုံအမှတ်စာရင်း၊ စာစစ်ဌာန၊ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရမည့်နေ့ရက်နှင့် နေရာများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ website, Myanmar National Web Portal ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့များရှိ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးများတွင် ဇွန် ၃ ရက်မှစ၍ အသိပေးကြေညာမည်ဖြစ်ပြီး ဖြေဆိုသူများအနေဖြင့် မိမိတို့၏ ခုံအမှတ်နှင့် စာစစ်ဌာနကို သိရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (ဖုန်း ၀၆၇-၃၄၀၉၀၅၂၊ ၀၆၇ -၃၄၀၉၄၃၀၊ ၀၉ -၄၂၄၄၀၈၉၅၄၊ ၀၉ - ၄၂၀၇၀၆၆၀၅၊ ၀၉ -၄၂၀၇၀၆၆၀၆၊ ၀၉-၂၆၂၅၀၂၉၈၈၊ ၀၉၇၉၇၇၂၇၆၉၆နှင့် ၀၉-၇၈၁၂၈၆၇၇၈)တို့သို့ ဇွန် ၃ ရက်မှ ၁၄ ရက် အတွင်း မပျက်မကွက် (မပျက်မကွက်) ဆက်သွယ်ဆောင်ရွက်ပေးရန် အသိပေးကြေညာထားကြောင်း သိရသည်။ သတင်းစဉ်