နေပြည်တော် ဇွန် ၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ လက်လုပ်ရီမုမိုင်းထောင်နေစဉ် ပေါက်ကွဲမှုကြောင့် အကြမ်းဖက်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၃)ရှိ ကွန်ကရစ်တံတားနှင့် ၁၀၀ မီတာခန့်အကွာတွင် အကြမ်းဖက်သူ အမျိုးသား ၁ ဦးမှ လမ်း၏ဝဲ/ယာဘက်ခြမ်းရှိ လမ်းဘေးကွန်ကရစ်တိုင်များအနီး၌ ဒေသန္တရလုပ် လက်လုပ်ရီမုမိုင်း ၂ လုံးအား ထောင်ပြီး ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာရန် ပြုလုပ်စဉ် ၎င်းထောင်ထားသည့် မိုင်းပေါက်ကွဲ၍ မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကံပေါက်ကျေးရွာ၊ တန့်ဆည် မြို့နယ်နေသူ မြင့်ဝေ(၅၄)နှစ် (ဘ)ဦးပွား ဖြစ်ကြောင်း သိရပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်မှ မှတ်ပုံတင် ၁ ခု၊ ပိုက်ဆံအိတ် ၁ လုံးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် လမ်းဘေးရှိ ကွန်ကရစ်တိုင်အောက်ခြေ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်