Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ နှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

နေပြည်တော် မေ ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းသား ကျောင်းသူ များအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲများကို ယနေ့ တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ ပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားကြပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်း များကိုလည်းကောင်း၊ ဆရာ ဆရာများအတွက် ကျောင်းဝတ်စုံများကိုလည်းကောင်း ပေးအပ် ကြသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာသို့ ယနေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် စစ်မှုထမ်းဟောင်းမိသားစုဝင် ကျောင်းသား ကျောင်းသူများ အတွက်ကျောင်းသုံး ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အိမ်ရာနေ မိသားစုဝင်များတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်