နေပြည်တော် မေ ၃၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယမန်နေ့တွင် မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်)၊ ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း၊ ဒီဇယ်စက်ခေါင်းစက်ရုံ(မလွှကုန်း)နှင့် သီလဝါ ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်) စက်ရုံခန်းမဆောင်၌ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်) ခေတ္တစက်ရုံမှူးက စက်ရုံနှင့် ပတ်သက်သောလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်း၍ စက်ရုံမှဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး အင်းစိန်စက်ခေါင်းစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်ဘူတာသို့ ရောက်ရှိပြီး အင်းစိန်ဘူတာ အတွင်း ကြည့်ရှုစစ်ဆေးကာ RBE အထူးရထားဖြင့် အင်းစိန်ဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။ လမ်းပိုင်းစစ်ဆေးစဉ် မင်္ဂလာဒုံဘူတာ၌ ဘူတာပြုပြင် တည်ဆောက်ထားမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် စက်ခေါင်းစက်ရုံ(မလွှကုန်း) စက်ရုံအစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများ နှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် တိုင်းအမှတ်(၇)ရန်ကုန်မှ လက်ထောက်အထွေထွေ မန်နေဂျာ (စက်မှု)က လုပ်ငန်းများဆောင်ရွက်မှုနှင့် အခက်အခဲများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ပြီး စက်ရုံ ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မလွှကုန်းစက်ခေါင်းစက်ရုံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းရှိ မြတ်မေတ္တာမွန် စက်သုံးဆီ ဆိပ်ကမ်းတံတား၊ Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတား Myanmar CNTIC VPower(MCV)LNG ဆိပ်ကမ်းတံတား Wilmar ၊ ကောက်ပဲသီးနှံနှင့် စားသုံးဆီဆိပ်ကမ်းတံတား၊ ပိတောက်ရွှေဝါ စက်သုံးဆီဆိပ်ကမ်းတံတား၊ Thilawa Multipurpose International Terminal (TMIT) ဆိပ်ကမ်းတံတားများနှင့် ဆက်စပ်လုပ်ငန်း များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး လုပ်ငန်းခွင်များကို လိုက်လံပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်