Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ e-Recruitment and Integrated Civil Service System ဆိုင်ရာ Software Testing and User Training သင်တန်းဖွင့်လှစ်

နေပြည်တော် မေ ၃၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များအား Manual မှ Digital စနစ်သို့ ကူးပြောင်းရန်ရည်ရွယ်ပြီး အကောင် အထည်ဖော်လျက်ရှိသော e-Recruitment and Integrated Civil Service System စီမံကိန်းပါစနစ်များ လက်တွေ့ အသုံးချတတ်စေရန်အတွက် Software Testing and User Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ သည် မြန်မာနိုင်ငံသားများ နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ဝင်ရောက် ရန်လျှောက်ထားသည့် အချိန်မှစ၍ အငြိမ်းစားယူသည်အထိ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲသည့် စနစ်ကို Automation စနစ်သို့ သွားနိုင်ရန် ရည်ရွယ်၍ e-Recruitment and Integrated Civil Service System ကို ၂၀၂၀-၂၀၂၁ ခုနှစ်မှစတင်၍ ရေးဆွဲအကောင် အထည်ဖော်ခဲ့သည်။ ဤစီမံကိန်းတွင် ရေးဆွဲဆောင်ရွက်ပြီးစီးသော Software များဖြစ်သည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်း၊ အွန်လိုင်းမှ နိုင်ငံ့ဝန်ထမ်းများ စုဆောင်းခြင်းနှင့် ရွေးချယ်ခြင်းစနစ်၊ နိုင်ငံ့ဝန်ထမ်းရေးရာစီမံ ခန့်ခွဲမှုစနစ်ပါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများစနစ်၊ နိုင်ငံ့ဝန်ထမ်းများ ထုတ်ပယ်၊ ထုတ်ပစ်စနစ်၊ နိုင်ငံ့ ဝန်ထမ်းများအား ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်ခဲ့သည့် စီမံခန့်ခွဲမှုစနစ်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များ၏ ပညာရေးဆိုင်ရာ ဝက်ဘ်ဆိုက်များ၊ နိုင်ငံ့ဝန်ထမ်းကိုယ်ရေးအချက်အလက်များ စီမံခန့်ခွဲမှုစနစ်၊ ရာထူးတိုးမြှင့် ရေးစီမံခန့်ခွဲမှုစနစ်၊ လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များ၊ မိုဘိုင်းဖုန်းအသုံးပြု စုဆောင်းရွေးချယ်ခြင်းစနစ်နှင့် အွန်လိုင်းစာမေးပွဲ ဖြေဆိုခြင်းစနစ်များကို ဌာန၏လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်၊ စနစ်များ၏ အားနည်းချက်၊ အားသာချက်များ ကို ရှာဖွေသုံးသပ်ရန်၊ စွမ်းဆောင် ရည် ပိုမိုမြင့်မားလာစေရန်၊ တိကျ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဆက်စပ်အသုံးပြုမည့် ဝန်ထမ်းအဖွဲ့အစည်း အသီးသီးမှ လွယ်ကူရှင်းလင်းစွာ အသုံးပြုနိုင်ရန်တို့ အတွက် ရေးဆွဲထားသည့် စနစ်များ စမ်းသပ်ခြင်းနှင့် လက်တွေ့ အသုံးချရာတွင် ကျွမ်းကျင်စေရန် အတွက် သင်တန်းတွင် သင်ကြား ပို့ချမည်ဖြစ်သည်။

သင်တန်းကာလမှာ မေ ၃၁ ရက်မှ ဇွန် ၁၈ ရက်အထိဖြစ်ပြီး coVD-19ရောဂါဆိုင်ရာ ထုတ်ပြန် ထားရှိသော စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ သင်တန်းသား အရာထမ်း၊ အမှုထမ်း ၆၂ ဦး တို့ကို အသုံးပြုမည့် Software စနစ်များအလိုက် သီးခြားစီပို့ချ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်