ဗန်းမောက် မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ်ရှိ မံယူးကြီး၊ ယာယူ၊ မံလူ၊ နန်းတပ်၊ ပေကုန်း၊ ပင်ပုံ၊ နန့်မားကျေးရွာအုပ်စုတို့ရှိ ပြည်သူများအသုံးမပြုလိုသည့် တရားမဝင် တူမီးသေနတ်များ၊ လက်လုပ်လေသေနတ်များ သက်ဆိုင်ရာသို့ အပ်နှံပွဲကို ဗန်းမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။
အခမ်းအနားတွင် တရားမဝင်လက်လုပ်တူမီးသေနတ် ၁၄၅ လက်၊ လက်လုပ် လေသေနတ် ကိုးလက်စုစုပေါင်း တရားမဝင်လက်လုပ်သေနတ်၁၅၄ လက်ကို အပ်နှံခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန်က လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်း၊ အဖွဲ့ဝင် ဗိုလ်မှူး ကျော်မင်းဟန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မျိုးဝင်းနှင့် ကနန်းဒေသစိတ်မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ လူအောင်(ကသာ)