Skip to main content

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရားစေတီပုထိုးများ၊ ဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော် မေ ၂၉ ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးကာလ များအတွင်း ဘုရားပုထိုးစေတီ များနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများ ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည် ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင် ဗုဒ္ဓဘာသာ ဘုရားစေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြု ဆုတောင်းမှုများ ဆောင်ရွက် လျက်ရှိကြသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအဝင် အခြားမြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများနှင့် ပြတိုက်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ အပန်းဖြေ သူများဖြင့် စည်ကားလျက်ရှိသည့် အပြင် ဈေးများ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထား ခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ် လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲ လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်