Skip to main content

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

နေပြည်တော် မေ ၂၉

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ များနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များတွင်လည်း ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းများကို တာဝန်ရှိသူများက ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်