နေပြည်တော် မေ ၂၉
တပ်မတော်အနေဖြင့် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူ လူထုများကိုကျန်းမာရေးစစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင် ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက် မှုများကို နေ့ညမပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၂၅၈၃၃ ဦးနှင့်အတွင်းလူနာပေါင်း ၆၇၈၉၆ ဦးတို့ကို ကုသပေးနိုင် ခဲ့သည်။
၎င်းလူနာများအနက် အကြီး စား ခွဲစိတ်ကုသရန် လိုအပ်သူ ( ၁၀၅၄၇ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၅၃၉၅ ဦး၊ စုစုပေါင်း ၁၅၉၄၂ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ် ဖွယ်ရာရှိသည့်လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသပေးလျက်ရှိသည်။
ထို့ပြင် ကလေးမီးဖွားလူနာ ၅၄၀၁ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၇၈၇၀ ကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ ခြင်းကြောင့် ယနေ့အထိ ကလေး ငယ် ၁၃၂၇၁ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍ လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်