နေပြည်တော် မေ ၂၉
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရပ်စောက် မြို့နယ် ဗထူးတပ်မြို့ ဗထူးစမ်းတွင် ငါးမျိုး စိုက်ထည့် ပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီက ဇော်ဂျီချောင်းအနီး၌ ပြုလုပ်သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၃) ဦးစိုင်းလိတ်၊ ဗထူး တပ်နယ်မှူး ဗိုလ်မှူးချုပ်လှမိုး၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလွှမ်းမိုးဇော်၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ ဗထူး တပ်နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်၍ ညောင်ရွှေငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ်သော နှစ်လက်မအရွယ် ငါးခုံးမကြီး သားပေါက် ကောင်ရေ ၅၀၀၀၀၊ ရွှေဝါငါးကြင်း သားပေါက် ကောင်ရေ ၂၀၀၀၀၊ မြက်စား ငါးကြင်း သားပေါက် ကောင်ရေ ၃၀၀၀၀ စုစုပေါင်း သားပေါက်ကောင် ရေ ၁၀၀၀၀၀ အား ဗထူးစမ်းမှ ဇော်ဂျီချောင်း အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်