Skip to main content

ထေရ်ကြီးဝါကြီး ဆရာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုနှံ့

နေပြည်တော် မေ ၂၉

တပ်မတော်အနေဖြင့် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား ( ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။

ကြည့်ရှုအားပေး

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကြံခင်းစု ရပ်ကွက်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ များကို သတ်မှတ်နေရာ ( အသီးသီး၌ တပ်မတော်သားပါရဂူ များ၊ ဆရာဝန်များနှင့် သူနာပြု များပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်