Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ ကျင်းပ

နေပြည်တော် မေ ၂၈

နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်း သား/သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

အမှာစကားပြောကြား

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ တာဝန်ရှိသူများက ဝန်ထမ်းသား/ သမီးများအတွက် ပညာသင်ထောက်ပံ့ကြေး၊ ပညာရည်ထူးချွန်ဆုများနှင့် အောင်ချက် အကောင်းဆုံး ဆုများအား ပေးအပ် ချီးမြှင့်ခဲ့ပြီး ငါးဘာသာဂုဏ်ထူးရှင် မောင်အောင်မြတ်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးသည်။

ဆုများချီးမြှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် တက္ကသိုလ်အသီးသီး သို့ တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား/သမီး ၂၀၄ ဦး၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း တက်ရောက်မည့် ဝန်ထမ်းသား/ သမီး ၁၃၀၈ဦး၊ စုစုပေါင်း ၁၅၁၂ ဦး တို့အတွက် ပညာသင်ထောက်ပံ့ ကြေးများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် သုံးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ငါးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၀၊ တစ်ဘာသာဂုဏ်ထူးရှင် ၇၂ ဦး၊ ဂုဏ်ထူးရရှိသူ စုစုပေါင်း ၁၀၂ ဦး၊ လူရည်ချွန် ကျောင်းသား တစ်ဦး၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်  အောင်ချက် ၆၈ ဒသမ ၁၈ ရာခိုင် နှုန်းဖြင့် အောင်ချက်အကောင်း ဆုံး ပထမဆုရ ရေးလူငယ် သင်တန်းကျောင်း၊ အောင်ချက် ၆၇ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး ဒုတိယ ဆုရ မင်းပြား လူငယ်သင်တန်းကျောင်းနှင့် အောင်ချက် ၆၇ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့် အောင်ချက် အကောင်းဆုံး တတိယဆုရ ကန်ပက်လက် လူငယ်သင်တန်းကျောင်းတို့ကို ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်