နေပြည်တော် မေ ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မေ ၂၆ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ ယုယုတင်က ရန်ကုန်အလုပ်သမား ဆေးရုံကြီး၏ ဝန်ထမ်းအင်အားအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုရေး အာမခံစနစ်ဖြင့် အလုပ်သမားများ အား ဆေးဝါးကုသဆောင်ရွက် ပေးမှုနှင့် အလုပ်သမားဆိုင်ရာ အကျိုးခံစားခွင့်များ ခွင့်ပြုဆောင် ရွက်ပေးနေမှု၊ လူမှုဖူလုံရေးအဖွဲ့ လက်အောက်ရှိ အလုပ်သမား၊ ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းအင်အားနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး အလုပ်သမားဆေးရုံ ကြီးအတွင်း နား၊ နှာခေါင်း၊ လည်ချောင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာ များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကာ ဆေးဝါးကုသပေး နေမှုများကို လည်းကောင်း၊ စောင့်ကြည့်လူနာဌာနနှင့် ပြင်ပလူနာဌာနတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျောက် တံတားမြို့နယ်ရှိ လူမှုဖူလုံရေး| ကဲဝဲလ်ဆေးခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ရေးရာဆိုင်ရာ ရုံးများ ဖွင့်လှစ် ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား နှုတ်ဆက်အားပေး၍ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊ မြို့နယ်ခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနား သို့ တက်ရောက်အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အောင်မြင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း ၁၅၅ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၅ ကတ်တို့ကို ကာယကံရှင် ပြည်သူများနှင့် ရပ်ကွက် ကိုယ်စားလှယ်များထံ ပေးအပ်ကြသည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဦးစီးမှူးများနှင့် အဆိုပါဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်