Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

 

နေပြည်တော် မေ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်က ၂၀၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ပြဇာတ်စာပေ၊ ဒုတိယဆုရရှိသည့် စာရေးဆရာ ကြာညိုချစ်ဝေ(ရွှေသုတ်မြေ)၏ “မခြွေရက်ကြွေရက်ကယ်မျော စာအုပ်ကို ဖြန့်ချိရောင်းချ လျက်ရှိသည်။

ယင်းစာအုပ်တွင် မျက်မှောက်ကာလ၌ ခေတ်စားလျက်ရှိသော လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးမှုအကြောင်းများကို ခေတ်အမြင်၊ ခေတ် အတွေးများဖြင့် သဘာဝကျကျ ရေးသားထားသည်။

ကျောင်းနေစဉ် သူငယ်ချင်းများနှင့် ငယ်ဘဝတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ဖြစ်ရပ်များ၊ သူငယ်ချင်းများက ဥပဒေဘက်တော်သားများ ဖြစ်နေသည့် အပြင်ချစ်ရသူက တရားခံဘဝနှင့် ပြန်လည်ဆုံစည်း ခဲ့ရသည့်အခါ ချစ်သူတရားသူကြီး၏ မချိတင်ကဲ ဖြစ်ရပုံများကို ဇာတ်ကောင်စရိုက် အပြန်အလှန် ပြောဆိုမှုများဖြင့် ရသမြောက်စွာ ပြဇာတ်တစ်ပုဒ် အဖြစ် ဖန်တီးထားသောကြောင့် လက်မလွှတ်သင့် သည် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၁၆၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇ - ၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာ ယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်