Skip to main content

နိုင်ငံတော်ပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော် (ပုသိမ်) ရုပ်ရှင်ရုံ၏ တာဝန်ဝတ္တရား လွှဲပြောင်းခြင်းစာချုပ်ချုပ်ဆို

 

ပုသိမ် မေ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နိုင်ငံတော်ပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်(ပုသိမ်)တို့၏ တာဝန်နှင့် ဝတ္တရားလွှဲ ပြောင်းခြင်းစာချုပ်ချုပ်ဆိုခြင်းကို မေ ၂၆ ရက် မွန်းလွဲ၁ နာရီက ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးရဲမြင့်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအေးကြွယ်နှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင် ပညာရှင် ဦးသိန်းနိုင်နှင့် တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနအနေ ဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံတစ်ရုံ ပုဂ္ဂလိကကို အပြီး အပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများ၏ ပြသခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် စည်းကမ်း သတ်မှတ်ချက် (Condition) ပါ ရုပ်ရှင်ရုံ ၁၀ ရုံတို့ကို ကြီးကြပ် ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများကို ယခင် တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ကြောင်း၊ ယခုတစ်ကြိမ် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်အရ နိုင်ငံတော် ပိုင်ရုပ်ရှင်ရုံ များနှင့် ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာန၏ တာဝန်ဝတ္တရားများနှင့်တိုင်းဒေသ ကြီး/ ပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီများ၏ တာဝန်ဝတ္တရား များကို ဖြည့်စွက်သတ်မှတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီသို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ၏တာဝန် ဝတ္တရားများကို ထပ်မံ  လွှဲပြောင်း စာချုပ်ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ရုပ်ရှင်ပြသခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရုပ်ရှင် ပြသခြင်းလုပ်ငန်း မဆောင်ရွက် နိုင်သည့် ရုပ်ရှင်ရုံများကိုလည်း စိစစ်အရေးယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေ ဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်က နိုင်ငံပိုင် ရုပ်ရှင်ရုံ လွှဲပြောင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ  ရွှေပြည်တော် (ပုသိမ်) နှင့် ပတ်သက်၍ သဘောတူညီချက် စာချုပ်ကို တာဝန်ရှိ သူများက လက်မှတ်ရေးထိုးကြပြီးသဘောတူ စာချုပ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနည ညွှန်ကြားရေးမှူးချုပ်က ကောင်စီ အဖွဲ့ဝင် (၃) ဦးအုန်းမြင့်နှင့်ရုပ်ရှင်ရုံ လုပ်ငန်း နှစ်ရှည်ငှားရမ်းသူ ဦးတင်ဦး ထံသို့ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရုံးလုပ်ငန်းများ၊ ရုံး လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေး မှာကြားပြီး ဝန်ထမ်းများကိုအားပေး စကားပြောကြားကြောင်းသိရသည်။

 

သတင်း/ဓာတ်ပုံ

မောင်မောင်မြင့် (ပြန်/ဆက်)