Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းအားလုံး ယခုပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်မည်

 

ရန်ကုန် မေ ၂၆

 

နိုင်ငံတစ်ဝန်း လာမည့် ဇွန် ၁ ရက်တွင် စတင်သင်ကြားပေးမည့် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်တွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းများ အားလုံး ကိုဗစ်၁၉ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

 

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် မြင်သာမြို့ဦး ဘုန်းတော် ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေး အဖွဲ့ ဆရာတော်ကြီးများထံမှ ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာ ရေးမှူးအဖွဲ့မှ ဩဝါဒခံယူခြင်းနှင့် ပညာရေးဆိုင်ရာများ လျှောက် ထားခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဘုန်းတော် ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာသာမိ (မဟာသဒ္ဓမ္မဇောတိကဓဇ) က လာမည့် ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ အားလုံးပြန်လည် ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

 

နှိုးဆော်ပေးထား “လာမယ့် ပညာသင်နှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေအားလုံး ပြန်လည် ဖွင့်လှစ်သင်ကြား ပေးသွားမှာပါ။ ဘုန်းဘုန်းတို့ အနေနဲ့လည်း ဘကကျောင်းအားလုံးကိုပြန်လည် ဖွင့်လှစ်ဖို့ ညွှန်ကြားနှိုးဆော်ပေး ထားပြီးပါပြီ။ စဖွင့်လို့ နှစ်ပတ် လောက်ဆိုရင်ပဲ ဘက ကျောင်း တွေအားလုံး အဖွဲ့နဲ့သွားရောက် စစ်ဆေးမှုတွေ လုပ်ဆောင်သွား မှာပါ။ အဓိက လိုအပ်တာကတော့ အေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ သက်ဆိုင်ရာအနေနဲ့ တစ်ဖက် တစ်လမ်းက စောင့်ရှောက်ပေး သွားဖို့ပဲ အရေးကြီးပါတယ်။ နိုင်ငံတော်အနေနဲ့လည်း လိုအပ် တာတွေ ထောက်ပံ့တယ်ဆိုတော့ အဆင်ပြေပါတယ်။ အခုလည်း ဘကကျောင်းတွေကို စာအုပ်၊ ခဲတံကအစ ပညာရေးထောက်ပံ့ ပစ္စည်းတွေရော၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာပစ္စည်းတွေပါ ထောက်ပံ့ ပေးထားလို့ ရောက်နေပါပြီ။ အဲဒီ အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးအထူး တင်ပါတယ် ဟု ဒုတိယဥက္ကဋ္ဌက ဆက်လက်မိန့်ကြားခဲ့သည်။

 

အထောက်အပံ့ပြု မြန်မာနိုင်ငံတွင် ဘုန်းတော် ကြီးသင်ပညာရေး(ဘက)ကျောင်း များကို ပုဂံခေတ် အနော်ရထာ မင်းလက်ထက်တွင် စတင်ခဲ့ပြီး အင်းဝ၊ ပင်းယ၊ ကုန်းဘောင်၊ ရတနာပုံခေတ်များမှာလည်းထွန်း ကားခဲ့ကာ လူပုဂ္ဂိုလ်နှင့် ရဟန်း သံဃာ အကျော်အမော်များစွာ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ အင်္ဂလိပ်ခေတ်တွင် ဘကကျောင်း ၄၆၁၉ ကျောင်းရှိခဲ့ပြီး လွတ်လပ် ရေးရပြီး ဖဆပလခေတ်တွင် ကျောင်းပေါင်း ၅၅၂၅ ကျောင်း အထိ ထွန်းကားခဲ့ပြီး နောက်ပိုင်း အနှစ် ၂၀ ဝန်းကျင်တွင် ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းများတိမ်မြုပ်သွားခဲ့သည်။ ယင်းနောက် ပြီးခဲ့သော ၁၉၉၃၉၄ ပညာသင်နှစ်မှ စတင်ကာ နိုင်ငံတော် အကြီးအကဲများ၏ ပြန်လည်ခွင့်ပြုချက်ဖြင့် သက်ဆိုင် ရာ ပညာရေးဝန်ကြီးဌာနနှင့် ဘုန်းတော်ကြီးကျောင်း ဆရာတော် များ၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့် မြန်မာနိုင်ငံတွင် ဘက ပညာရေးသင်ကျောင်းများ ပြန်လည်  အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။

 

ဘုန်းတော်ကြီးသင် ပညာရေး (ဘက)ကျောင်းများကို မြန်မာ နိုင်ငံတွင် စတင်ဖွင့်လှစ်ပေးခဲ့ကြ  သော ရည်ရွယ်ချက်မှာ စာမတတ် သူပပျောက်ရေး၊ အနာဂတ်မျိုးဆက် သစ်လူငယ်များ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက် ရေး၊ မြန်မာ့ယဉ်ကျေးမှုထုံးစံများ မပျောက်ပျက်ရေးစ သည်တို့ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော မျိုးဆက်သစ်များ၏ အရည်အချင်း ပြည့်ဝမှုအနာဂတ်မြန်မာနိုင်ငံတော် ကြီး ကမ္ဘာ့အလယ်တွင် ပညာမြင့် မှ လူမျိုးတင့်စေမည် စသည့် ရည်မှန်းချက်များကိုရှေးရှုနေသော နိုင်ငံတော်၏ ပညာရေးကဏ္ဍ ကို တစ်ဖက်တစ်လမ်းမှ နေ၍ ဘုန်းတော်ကြီးသင် ပညာရေး (ဘက)ကျောင်းများကအထောက် အပံ့ပြုလျက်ရှိသည်။

 

ဖွင့်လှစ်သင်ကြား

 

 ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း ဘုန်းတော်ကြီးသင် ပညာရေး (ဘက)ကျောင်းများမှာ စုစုပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူသုံးသိန်းကျော် ပညာ သင်ကြားဆည်းပူးလျက်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း မူလတန်းအဆင့် ၁၃၁ ကျောင်း၊ မူလွန်အဆင့် ၈၉ ကျောင်း၊ အလယ်တန်းအဆင့် ၂၂၉ ကျောင်း ဖွင့်လှစ်သင်ကြား လျက်ရှိပြီးကျောင်းသားကျောင်းသူ ပေါင်း ခုနစ်သောင်းခုနစ်ထောင်  ကျော်အထိရှိကာ သင်ကြားပြသ ပေးလျက်ရှိသော ဆရာ ဆရာမ များမှာလည်း ၂၄၀၀ ကျော်ရှိကြောင်း သိရသည်။

 

မောင်စိန်လွင် (မြန်မာ့အလင်း)

ဓာတ်ပုံ- မင်းထက်