ရန်ကုန် မေ ၂၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးသန်းအောင် ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့်စက်ရုံများ မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၃) ဦးအောင် သန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ သည့် စက်ရုံများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင် ကျော်က လုပ်ငန်းရှင်များ တင်ပြ ထားသည့် အခွန်ဆိုင်ရာကိစ္စ၊ လူမှု ဖူလုံရေးကိစ္စ၊ အာမခံရရှိရေးကိစ္စ၊ လုပ်ငန်းများပြန်လည် လည်ပတ် နိုင်ရေးအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေရရှိရေး ကိစ္စ၊ ဗီဇာကိစ္စ၊ လျှပ်စစ်မီတာကိစ္စ၊ ဆိပ်ကမ်းများတွင် ရောက်ရှိနေ သည့် ကွန်တိန်နာများ အချိန်မီ ထုတ်ယူနိုင်ရေးကိစ္စ၊ မှုခင်း သက်သေခံပစ္စည်းများ ထုတ်ယူ နိုင်ရေးကိစ္စ၊ မီးလောင်ပစ္စည်းများ ဆယ်တင်ရေးကိစ္စ၊ စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် မြန်မာ နိုင်ငံသား မြေပိုင်ရှင်များကို ကူညီ ပေးရေးကိစ္စရပ်များကို ယနေ့ ဆွေးနွေးပွဲတွင် ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ် များကို ချက်ချင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံပြီး အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနေသည့် မီးလောင်သွားသည့် စက်ရုံများ အမြန်ဆုံး ပြန်လည် လည်ပတ် နိုင်ရန် အထူးကိစ္စတစ်ရပ်အနေ ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၃) ဦးအောင်သန်းဦးက စက်ရုံများမှ မီးလောင်ပစ္စည်း ဆယ်တင်ရေးကိစ္စများကို အမြန် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ဆွေးနွေး ပြောကြား သည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးမျိုးခိုင်ဦး က ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံ များမှ တင်ပြထားသည့် အခက် အခဲများကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၃) ဦးအောင်သန်းဦးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်း ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်