Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပညာရေးမိသားစု ဆရာဆရာမများနှင့် တွေ့ဆုံ

 

နေပြည်တော် မေ၂၅

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးဇော်ဝင်း နှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ကလောမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး  အဆိုပါကျောင်းရှိ တေဇခန်းမ၌ ကလောမြို့နယ် ပညာရေးမိသားစု ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကျောင်းသုံးဗလာ စာအုပ်နှင့် ပုံနှိပ်စာအုပ်များကိုပေးအပ်ရာ ကျောင်းသားကျောင်းသူများက လက်ခံရယူကြ သည်။

ယင်းနောက် တက်ရောက်လာသည့် မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီး များ ဆရာဆရာမများက သိရှိလိုသည်များနှင့် ပညာရေးလုပ်ငန်းအတွက် လိုအပ်ချက်များ မေးမြန်းတင်ပြရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်ဆွေးနွေးဖြေကြား၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)သို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်တွေ့ဆုံကာ ကျောင်းတွင်းတည်ဆောက်ရေး လုပ်ငန်းခွင်များနှင့် လက်တွေ့သင်ကြားရေးအလုပ်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီး ပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ပညာရေးမိသားစုများနှင့်တွေ့ဆုံ၍ သင်ကြားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များကို ညီညီ ညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရေး မှာကြားကာ တောင်ကြီးပညာဒီဂရီကောလိပ်မှ အရည်အသွေး ပြည့်ဝသောဆရာဆရာမများ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)