နေပြည်တော်၊ မေ ၂၅
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနား ကို ယနေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော်ရှိ မဟာဗောဓိ ညောင်ပင်တွင် ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
ရှေးဦးစွာ ညောင်ရေသွန်းလောင်းပွဲအခမ်းအနား တက်ရောက်လာသူတို့က တောင်းဆုရ “ဝ” စေတီတော်၊ ညီတော် ဘုရား လိုဏ်ဂူတော် အတွင်းရှိ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၏ ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဒုတိယဝန်ကြီးများ၏ဇနီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ဦးစီးဌာနများမှ အရာရှိ ကြီးများနှင့် ဇနီးများ၊ မိသားစုများသည် တောင်းဆုရ “ဝ”စေတီတော် ပရဝဏ်အတွင်းရှိ “မဟာဗောဓိ” ညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)