နေပြည်တော် မေ ၂၅
ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သော ကဆုန်လပြည့်နေ့၌ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဇနီး ဒေါ်ခင်သွယ်သွယ်မြင့် တို့ကိုအမှူးထား၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မိသားစုက နေပြည်တော် တပ်ကုန်းမြို့ မြို့မသီဟနာဒ ကျောင်းတိုက်ရှိ သံဃာတော် ၃၅ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍ သင်္ကန်း၊ ဆွမ်း ဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဇနီး အမှူးပြုသော အရာထမ်းမိ သားစုများသည် မြို့မ သီဟနာဒကျောင်းတိုက်ရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေ သွန်းလောင်းပူဇော်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ကြသည်။
အဆိုပါအလှူတော်မင်္ဂလာနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ကျော်သန်းနှင့် ဒေါက်တာလင်းအောင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)