Skip to main content

ကျောင်းနေအရွယ်ကလေးများအား လုံးပညာသင်ယူခွင့်ရရှိစေရေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကျင်းပ

 

ရန်ကုန် မေ ၂၄

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူ ခွင့်ရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို မေ ၂၄ ရက် နံနက် ၉ နာရီခန့်က တစ်ပြိုင် တည်းကျင်းပ​ရာအလုံမြို့နယ်အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာ ခန်းမတွင် ကျင်းပသည့် အခမ်းအနားသို့ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီဝင်များ တက်ရောက်သည်။

ရှေးဦးစွာအခမ်းအနား စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက “ခေါင်းလောင်း သံချိုအားမာန်ပို" သီချင်းသီဆို၍ဂုဏ်ပြုသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ကျောင်းများပြန်လည် ဖွင့်လှစ်သည့်အခါ မသမာသူများ၏ နှောက်ယှက်ဟန့် တားမှုများကို နည်းမျိုးစုံနှင့်ကြုံတွေ့ နိုင်ဖွယ် ရှိသည့်အတွက် လုံခြုံရေးသတိရှိရန် ကျောင်းအကျိုးတော် ဆောင်များ၊ မိဘဆရာများ၊ ဒေသ အာဏာပိုင်များ စေတနာ့ဝန်ထမ်းများ၊ အတူတကွ တွေ့ဆုံညှိနှိုင်းပြီး အကောင်းဆုံးနည်းလမ်းများ နှင့် တုံ့ပြန့်ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့ဝန်ထမ်း များဖြစ်သည့်အတွက် နိုင်ငံတော်က ပေးအပ်သည့် တာဝန်နှင့်ဝတ္တတရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဆရာမကြီးဒေါ်နှင်းကြည်က ကျောင်းအပ်နှံရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အနောက်ပိုင်းခရိုင် ပညာရေးမှူးအား ကျောင်းသုံးဖတ်စာအုပ်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီး များအား ကျောင်းသုံး ဖတ်စာအုပ်များ၊ ဗလာ စာအုပ်များ ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် လသာမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဆရာ ဆရာမများက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေ များကို ကြည့်ရူအားပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း၊ မြောက်ပိုင်း ခရိုင်၊ အင်းစိန်မြို့နယ်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း များတွင် ကျောင်းအပ်နှံရေး နေ့အခမ်းအနားများ ကျင်းပခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် ခရိုင်ပညာရေးမှူးများက တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။

(သတင်းစဉ်)