နေပြည်တော် မေ ၂၃ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ၂၁ ရက်ည ၇ နာရီတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီအဝေးပြေးကားဝင်းအတွင်းရှိ ကားဂိတ်၌ မသင်္ကာဖွယ် ဆာလာအိတ် နှစ်အိတ်အားတွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကိုလည်းကောင်း၊ ဆက်လက်၍ မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင်လားရှိုးမြို့နယ်ကောင်းကြဲကျေးရွာအုပ်စုကောင်းတပ်ကျေးရွာနေ ဆန်လူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မျိုးမြင့်အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၆၈၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၄၅ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ သတင်းစဉ်