နေပြည်တော်၊ မေ ၂၃ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြား ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၂၂ ရက် ညနေ ၃ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ယုန်တောင် ကျေးရွာအနီး ရွာငံမှ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ဘက်သို့ ရွှမ်းဝင်း(ခ) အောင်နိုင်ဝင်း(၃၉)နှစ် မောင်းနှင်လာသည့် Toyota Hiace ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက် ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီ လိတ်မြို့နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)