Skip to main content

ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်း( လီမိတက်)မှ ဒေသတွင်း စာရွက် လိုအပ်ချက်အတွက် ဖြည့်ဆည်းဆောင်ရွက်

မြစ်ကြီးနား မေ ၂၃ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် စက်မှုဇုန်အတွင်းရှိ ဖြိုးဝေဝေစက္ကူ နှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း(လီမိတက်)သည် အသင်းသားဦးရေ ၃၀ နှင့် ဖွဲ့စည်းထားပြီး အသင်းသားများကိုယ်တိုင် စက္ကူထုတ်လုပ်သည့်လုပ်ငန်းတွင် လုပ်သားများ အဖြစ် ပါဝင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်အတွင်းရှိ အသုံးပြုပြီးသည့် ရုံးသုံး၊ ကျောင်းသုံး စာရွက်ဟောင်းများ၊ သတင်းစာနှင့်ဂျာနယ် အဟောင်းများကို ကုန်ကြမ်းအဖြစ် ဝယ်ယူ၍ Recycle ပြုလုပ်ပြီး ယင်းပျော့ဖတ်များဖြင့် စက္ကူကြမ်း/ချောထုတ်လုပ်ခြင်းနှင့် ကတ်ထူစက္ကူ ထုတ်လုပ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ ဘာဖြူစက္ကူကြမ်း/ချော၊ ဘာပြာ ကြမ်း/ချော၊ ကတ်ထူစက္ကူများ တစ်ရက်လျှင် စက္ကူ နှစ်တန်ခန့် ထုတ်လုပ်နိုင်ပြီး ဒေသတွင်း စာရွက် လိုအပ်ချက် အတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်