Skip to main content

သဘာဝဘေးနှင့်အန္တရာယ်များ အထူးသတိပြု

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်အားကောင်းလာကာ မေလ ၂၃ ရက်နေ့တွင် မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိခဲ့သည်။ အဆိုပါမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မေလ ၂၄ ရက်(ယနေ့)တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိမည် ဟု ခန့်မှန်းထားသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ပင်လယ်ပြင်၏ အနောက်မြောက်ဘက် ဖြစ်သည့် အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြင်းမရှိသော်လည်း လက်ရှိရာသီ ဥတုအခြေအနေအရ မုန်တိုင်းအရှိန်နှင့် မိုးသက်လေပြင်းများ ကျရောက်မည့်အနေ အထားရှိသည်။ ထို့ကြောင့် ဌာနဆိုင်ရာအလိုက် မိမိတို့ဌာန၏ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှသက်သာစေရန်ဒေသ အလိုက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ကြရန်လိုအပ်သည်။

သဘာဝဘေးဒဏ်ကို ခံစားရနိုင်သော ဒေသများရှိ ပြည်သူများ၏အဆောက်အအုံများကိုလည်း ပျက်စီးဆုံးရှုံးခြင်းမရှိစေရန် ဒေသဆိုင်ရာအဖွဲ့အစည်းများကသဘာဝဘေးကာကွယ်ရေး ကို ကြိုတင် ပြင်ဆင် ထားရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်လေ့ရှိပြီး နှစ်စဉ်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘီလီယံ နှင့်ချီရှိသည်။ သဘာဝဘေး အန္တရာယ် ကျရောက်တတ်မှုနှင့်အတူ ယခုအခါ မိုးရာသီ ကာလရောက်ပြီဖြစ်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် တံတားများနှင့် ရေနုတ်မြောင်း များ ရေစီးရေလာကောင်းမွန်ရေးကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်ဘဏ္ဍာငွေ များစွာကျခံသုံးစွဲနေရသည်။ ထိုအချိန်တွင် လူတို့၏ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ကြရန် လိုသည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ကြီးမားသောပျက်စီးဆုံးရှုံး မှုများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ်များကို အထူးသတိပြု၍ ကြိုတင်ပြင်ဆင်ကာကွယ်ထားရ မည်ဖြစ်သည်။ ပြီးခဲ့သည့် မေ ၁၇ ရက်က အိန္ဒိယနိုင်ငံ အနောက်ဘက် ကမ်းရိုး တန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းသည် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဟု ဆိုရမည် ဖြစ်သည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “တောက်တဲ့”ကြောင့် လူပေါင်း ၁၂၀ ထက်မနည်း သေဆုံးခဲ့သည်။ ထပ်မံ၍ ယခု ထက် အင်အားကြီးသော ဆိုင်ကလုန်းမုန်တိုင်းကြီးသည် အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းအလွန် ဘင်္ဂလားပင်လယ်အော်၌ အရှိန်ယူနေသည်။

“တောက်တဲ့”ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၁၅ မိုင်ဖြင့် တိုက်ခိုက်ခြင်းမပြုမီ ဖြစ်ပေါ်လာသည့် ပြင်းထန်သောမိုးရွာသွန်းမှုနှင့်လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအဆောက်အုံများ ပြိုကျသဖြင့် ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဆိုးဆိုး ရွားရွားဖြစ်ပွားမှုကြောင့် လူအမြောက်အမြားသေဆုံးနေရချိန်တွင် မုန်တိုင်းကြောင့် တစ်ပူပေါ်တစ်ပူဆင့် ဆင်းရဲဒုက္ခဖြစ်ကြရသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်၍ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို သင်ခန်းစာယူ သတိမူကြိုတင်ပြင်ဆင် ထားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လူအသေအပျောက်ဆုံးရှုံးထိခိုက် မှုများ ဖြစ်ပေါ်ခဲ့ရပြီးဖြစ်သည်။ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေဆဲဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုများ မြင့်တက် နေသည်။

" မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲကာလတွင် နိုင်ငံရေးအပြောင် အလဲဖြစ်ပေါ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။ မြို့ရွာများ ပြည်သူအချို့မှာ ကိုဗစ်-၁၉ ရောဂါကိုလည်း ဘေးဖယ်ထားပြီး တိုင်းပြည် မတည် မငြိမ်ဖြစ်အောင် ဆူပူအကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများမှာ ကိုဗစ်-၁၉ ရောဂါကိုလည်း သတိထားနေ အဖျက်အမှောင့်အန္တရာယ်များကိုလည်း ကြောက်ရွံ့နေရသည်။ ယခုအခါတွင် သဘာဝဘေးအန္တရာယ် မိုးသက်မုန်တိုင်းအန္တရာယ်များလည်းရှိနေသည်။ လက် တွင် မုန်တိုင်းအန္တရာယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ခြင်းမရှိသော်လည်း သဘာ ဘေးအမျိုးမျိုးတို့သည် ခန့်မှန်း၍ မရနိုင်သဖြင့် ကြိုတင်ပြင်ဆင် သတိမူထားကြရ လိုအပ်သည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးအန္တရာယ်၊ နိုင်ငံရေးကပ်ဘေ အန္တရာယ်နှင့် လတ်တလော အရိပ်အယောင် မြင်တွေ့နေရသော သဘာဝဘေ မိုးသက်မုန်တိုင်းအန္တရာယ်များပါပေါင်းစုံစုပေါင်းဖြစ်ပွားလာလျှင်တစ်ပူပေါ်တစ်ပူဆ မက အပူအမျိုးမျိုးဆင့်၍ တိုင်းရင်းသားပြည်သူအားလုံး ဒုက္ခသံသရာတွင်းကြာရှည်သက်ဆင်းနေကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မမျှော်မှန်းနိုင်သော ဘေးဒုက္ခ အမျိုးမျိုးတို့ကို မျှော်မှန်းတွက်ဆ၍ ကြိုတင်ပြင်ဆင် ဆင်ခြင်ရှောင်ရှားကြရမည် ဖြစ်သည်။ ကံအကြောင်းမလှဘဲ ဒုက္ခအမျိုးမျိုး မကျရောက်နိုင်ရေးအတွက် အသံ ဉာဏ်ဆင်ခြင်ဉာဏ် တရားဖြင့် မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံအန္တရာယ် ကွင်းဆွေးနည်းပါးအကွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ အယ်ဒီတာ့အာဘော်