Skip to main content

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲရဲကင်းစခန်းအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က လာရောက် တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးကာ တပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံး

နေပြည်တော်၊ မေ ၂၃

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန်နှင့် ဒေသ တွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အင်အားအနည်းငယ်သာရှိသော ရဲကင်းစခန်းများ ကို ချောင်းမြောင်းတိုက်ခိုက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲရဲကင်း စခန်းအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ အင်အား ၇၀ ခန့်က ရဲစခန်းတောင်ဘက်နှင့် အနောက် တောင်ဘက် ပွဲကုန်းရပ်ကွက်နှင့် ပေါ်ဦးရပ်ကွက်များရှိ လူနေအိမ်တိုက်များပေါ်မှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်စီးနင်း တိုက်ခိုက်ခဲ့သည့်အပြင် နံနက် ၁၁ နာရီခန့်တွင် မိုးဗြဲဆည် အတွင်းမှ စက်လှေ ၃ စီးဖြင့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ အင်အား ၃၀ ခန့် ထပ်မံရောက်ရှိ ပူးပေါင်းပြီး ရဲကင်းစခန်းအား ဝိုင်းဝန်းပိတ်ဆို့၍ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရဲကင်းစခန်းအား လိုအပ်သော လုံခြုံရေးအင်အားများ ထပ်မံတိုးမြှင့် ပေးရန်အတွက် ဖယ်ခုံမြို့နှင့် လွိုင်ကော်မြို့တို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါရဲကင်းစခန်းသို့ ထွက်ခွာလာစဉ် ကုန်းသာကျေးရွာနှင့် ခေါင်မှိုင်းကျေးရွာတို့အရောက်၌ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များမှ ဖြတ်တောက်ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် မိုးဗြဲရဲကင်းစခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုးဗြဲရဲကင်းစခန်းရှိ  လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရကာ ပျောက်ဆုံး တပ်ဖွဲ့ဝင်များအား ပြန်လည်ရှာဖွေ တွေ့ရှိနိုင်ရေးနှင့် လာရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူ မျာအား ပိတ်ဆို့ချေမှုန်းနိုင်ရေးတို့အတွက် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)