Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး သန်လျင်မြို့နယ်ရှိ သန်လျင်သဘာဝ ဓာတ်ငွေ့ ထိန်းဖြန့်စခန်းနှင့် အမှတ်(၀၁၈)မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် ပြောင်းရွေ့ဖွင့်လှစ်မည့်မြေနေရာ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် မေ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံအခြေစိုက် စခန်း၊ သန်လျင်မြို့နယ်ရှိ သန်လျင်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနှင့် အမှတ်(၀၁၈)မော် တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင် ပြောင်းရွေ့ဖွင့်လှစ်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဉာဏ်ထွန်း နှင့် စခန်းတာဝန်ခံ အထွေထွေမန်နေဂျာတို့က လုပ်ငန်းများဆောင်ရွက် နေမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး ကမ်းလွန်အခြေစိုက် စခန်းအတွင်းရှိ ဆိပ်ခံတံတားများ အဆင့်မြှင့်တင်တည်ဆောက်နေသည့် စီမံကိန်း လုပ်ငန်းနေရာများ၊ ရေလုံသင်္ဘောကျင်း (Dry Dock)၊ ပစ္စည်းစီမံဌာနပိုက်စင်နှင့် ဂိုဒေါင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သန်လျင်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းနှင့် အမှတ်(၀၁၈) မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်(CNG) ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာသို့ ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်း ၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ CNG အရောင်းဆိုင်(၃၄)ဆိုင် မှ မော်တော်ယာဉ်အစီးရေ (၂၀၀၀၀) ခန့် နေ့စဉ် သဘာဝ ဓာတ်ငွေ့များ ဖြည့်တင်းရောင်းချနေမှု၊ CNG အရောင်းဆိုင် ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေး ရန်ပုံငွေလျာထားမှု၊ လုံခြုံရေးဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး အရောင်းဆိုင်တွင် အသုံးပြုမည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်၍ ဓာတ်အား ဖြန့်ဖြူးပေးမည့်အခြေအနေတို့ကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)